Zawgyi
နေ့လည်ပိုင်း ထမင်းစားချိန်၌ ကျောင်းသား ကျောင်း
သူများနဲ့ ဆရာမများ အကုန်လုံးကန်တင်း၌ ထမင်းစား ကြသည်။ Jiyang တစ်ယောက်ဆရာများနဲ့ စ
ကားပြောရင်း ထမင်းစားနေချိန်တွင် Haoxuanက
ထမင်းပန်းကန်ယူလာပြီး Jiyangအနား၌ ကပ်ထိုင်၍
ထမင်းစားလေသည်။ Jiyangက
"ဒီမှာ ဆရာတွေ ထမင်းစားနေတယ်လေ...ကိုယ့်ဘာ
သာသွားစား..."
"ကျွန်တော့နေ့လည်သောက်မဲ့ ဆေးက ဆရာ့ဆီမှာလေ..အဲ့တော့ ကျွန်တော် ဆရာနားမှာ လာထိုင်တာ
ပေါ့လို့...မဟုတ်ဘူးလား..."
"ဆေးသောက်တဲ့ချိန်မှ လာခဲ့...သွားသွား..."
"မသွားဘူး...မသွားဘူး...တခြားဆရာ ဆရာမတွေကအရမ်း သဘောကောင်းလို့ ကျွန်တော့ကို ပေးထိုင်
မယ်ဟုတ်..."
Haoxuanက ပြုံးဖြဲဖြဲလုပ်ပြီး မျက်လုံးဖြင့်
"ဆရာတို့ ကျွန်တော်ကိုဒီမှာ ပေးထိုင်ရင် ဆရာတိုသွားချင်နေတဲ့ တောင်တန်းတွေဆီ လေ့လာရေး ထွက်
လို့ရအောင် လုပ်ပေးမယ်လေ...နော်..."
အချက်ပေးပြောလေရာ ဆရာများက ချက်ချင်းဘဲ
ထောက်ခံကြသည်။ ဆရာများက
"ဆရာ jiyangရယ်...ပေးထိုင်လိုက်ပါ...သူလည်း
ဆရာနဲ့စားချင်မှာပေါ့ မဟုတ်ဘူးလား..."
"အဲ.. ဟူး...စားတော့..."
Jiyangလည်း အလျော့ပေးပြီး ထမင်းစားရန် ပြော
လေသည်။ ထမင်းစားနေတုန်း Haoxuanဆီသို An rinရောက်လာပြီး
"ဟေ့...Haoxuan...ငါလည်း ဒီမှာစားချင်တယ်.."
"မစားနဲ့...ဒီမှာ နင့်အတွက်နေရာမရှိဘူး..."
"အဲ...နင်ကလည်း စိမ်းကားလိုက်တာ...ပေးထိုင်ပါ
နော်...နော်..."
An rinသည် ချွဲပစ်နေသော အသံဖြင့်ပြောကာ Haoxuanကို ပွတ်သပ်နေသည်။ Jiyangသည် ထို
မြင်ကွင်းကြည့်ပြီး စိတ်တိုလာရာ
"တစ်ယောက်စနှစ်ယောက်စနဲ့ တစ်ဖြည်းဖြည်းများ
လာလိမ့်မယ်...မင်းတို့တွေက ဆရာတွေကိုမရိုသေရာ
ကျတယ်ဆိုတာ...မသိဘူးလား...ဆရာတို့..ကျွန်တော်
စားလို့ ပြီးပြီး...အရင်ထနှင့် တော့မယ်..."
"ဟုတ်...ဟုတ်ကဲ့...ဆရာ..."
Jiyangသည် စိတ်တိုစွာထသွားရာ Haoxuanက
"ဆ...ဆရာ..နေပါအုံး..."
"ဘယ်လိုဆရာလည်း မသိဘူး...နောက်နေ့ကျရင်
အဖေ့ကို အလုပ်ထုတ်ခိုင်းရမယ်..."
An rinရဲ့ စကားကြားပြီးနောက် Haoxuanသည်
ဒေါသမီးဝင်းဝင်းတောက်ကာ
"မင်းက ဘာအဆင့်မို့လို့ အလုပ်ထုတ်ရဲရတာလဲ...ဆ
ရာ့ကို အလုပ်ထုတ်ရဲထုတ်ကြည့် မင်းတို့မိသားစုကို
လောက ကနေပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်..."
"နေပါအုံး...အဲ့ဆရာက ဘယ်သူမို့လို့ နင်ဒီလိုဖြစ်နေ
တာလဲ...ပြီးတော့ နင် ငါဘယ်သူလဲသိလား..."
"နင် ဘယ်သူလဲဆိုတာ ငါဂရုလိုက်စိုက်နေတာမဟုတ်
ဘူး...ရှင်းတယ်နော်...ငါနဲ့ဝေးဝေးနေ..."
Haoxuanသည် စကားကုန်အောင်ပြောပြီးနောက်
စိတ်တိုစွာ ထထွက်သွားတော့သည်။ ဆရာများလည်း
အခြေအနေမဟန်သဖြင့် ထထွက်သွားကြသည်။ တစ်
ယောက်ထဲကျန်ရစ်ခဲ့သော An rinက
"အား....Haoxuan.. ..နင်က ငါ့အပိုင်ဖြစ်လာစေရ
မယ်...စောင့်ကြည့်နေ...."
စိတ်ထဲ၌ရေရွတ်ရင်း ဒေါသထွက်နေသည်။ တစ်ဖက်
၌ စိတ်ဆိုးစွာထွက်လာသော Jiyangအား Haoxuan
သည် အနောက်မှ လိုက်ကာချော့လေသည်။
"ဆရာ...ဆရာ...ဘာဖြစ်သွားတာလဲ...ဘာကိုစိတ်ဆိုး သွားတာလဲ..."
"ငါ့နောက်လိုက်မလာနဲ့...မင်းရဲ့ရည်းစားနဲ့ဘဲ သွား
ပျော်နေပါလား..."
"နေ...နေပါအုံး...သူက ကျွန်တော့ရည်းစားမှ မဟုတ်
တာ..."
"အို...ဟုတ်လား...ဘာလဲ..ကျောင်းကသိရင် အိမ်က
ခေါ်ခံထိမှာ ဆိုးလို့လား..."
Jiyangသည် စိတ်တွေအရမ်းဆိုးကာ ခေါင်မိုးထပ်သို့
တတ်သွားလေသည်။ Haoxuanသည်လည်း အ
နောက်မှ တတ်ကြပ်မကွာလိုက်ခဲ့သည်။ ခေါင်မိုးထပ်
သို့ရောက်သောအခါ Haoxuanက
"သူမကို ကျွန်တော်ခေါ်တာမဟုတ်ဘူး..သူ့ဘာသာ
ရောက်လာတာ...ဆရာတွေကိုလည်း မခန့်လေးစား
လုပ်တာမဟုတ်ပါဘူး..."
"တော်တော့...ငါတစ်ယောက်တည်းနေချင်တယ်..."
"မရဘူး..."
"ဘာလို့လဲ..."
"ကျွန်တော်ခုထိ နေ့လည်ဆေးမသောက်ရသေးဘူး.."
"စာ...အရေးထဲမှ ရော့ဒီမှာ..."
Jiyangသည် သူ့အိတ်ကပ်ထဲတွင်ထည့်ထားသော
ဆေးထုတ်ကို ထုတ်လိုက်ပြီး Haoxuanအား ပေး
လေသည်။ Haoxuanရဲ့မျက်နှာကိုမကြည့်ဘဲ ပေးရာ
"ကိုကို...ကျွန်တော့ကိုကြည့်ပါအုံး..."
"မင်းရဲ့မျက်နှာက တော်တော်လှတယ်ဆိုတော့လေ"
"အဲ့လိုမလုပ်နဲ့လေဗျာ...."
"ပြော...အွတ် .."
Jiyangက Haoxuan တောင်းဆိုသောကြောင့် လှည့်
လိုက်ရာ Haoxuanသည် ဆရာအား နမ်းပြီးသားဖြစ်
သွားလေသည်။ Haoxuanရဲ့လျှာနွေးနွေးသည် Jiyang ရဲ့ပါးစပ်ထဲသို့တိုးဝင်နေသည်။ Jiyangက
အသက်ရှုကြပ်လာရာ Haoxuanကို တွန်းထုတ်ပြီး
နောက် ပျော့ခွေသွားလေသည်။ လဲကျမလိုလိုဖြစ်သွားသောဘJiyangအား လှမ်းပွေ့ပြီးHaoxuanက
"နောက်ဆိုရင် ကျွန်တော့ကိုကြည့်ပြီး စကားပြောပါ..
မဟုတ်ရင် ကျွန်တော် ကိုကို့ကို အသက်ရှုကြပ်တဲ့အ
ထိ နမ်းရလိမ့်မယ်..."
"မင်း...ခွေးကောင်လေး...ဟူး....မင်း...."
Jiyangသည် ရှက်ရမ်းရမ်းကာ ပြေးထွက်သွားလေ
သည်။ Haoxuanကတော့ ပြုံးပြုံးကြီးကျန်ရစ်ခဲ့
တော့သည်။ ညနေပိုင်း ကျောင်းဆင်းချိန်၌ Jiyang
သည် အိမ်ပြန်ရန် သူ့အိတ်သူယူပြီး ထွက်လာစဉ် သူ့
ရှေ့၌ An rinသည် Haoxuanရဲ့လက်မောင်းကို အ
တင်းဖက်ထားပြန်သည်။ Jiyangတစ်ယောက် ဂျယ်လီတွေနင်ရင်း ခြေဆောင့်လျှောက်ကာ Haoxuanကို
ဝင်တိုက်ပြီး ထွက်သွားလေသည်။ Haoxuanက
"ဘယ်သူလဲကွ...အယ်...ဆရာJiyang..."
ရန်ပြန်ဖြစ်ရန်လုပ်သော်လည်း Jiyangကို တွေ့သွား
ရာ ချက်ချင်းဘဲ လေသံပျော့သွားတော့သည်။ Haoxuanက သူ့အားတွယ်ကပ်နေသော An rinကို
"နင် ဘယ်သူ့အားကိုးနဲ့ ငါ့ကိုဒီလောက်ထိ လိုက်ကပ်
နေတာလဲ...လွှတ်စမ်း..."
"မလွှတ်ဘူး...မလွှတ်ဘူး...နင်ကငါ့ရဲ့သတို့သား
လောင်းမလို့..."
"လာနောက်နေတာလား...ငါတို့အခုမှ ၁၇ဘဲရှိသေး
တယ်...ပြီးတော့ ငါဘယ်တော့မှ မိန်းမမယူဘူး...
လွှတ်စမ်း..."
Haoxuanသည် တွယ်ကပ်ထားသောလက်မှ အတင်း
ရုန်းပြီး Jiyangဆီသို့ပြေးသွားလေသည်။ Haoxuan
က အနောက်မှ အမောတကြီးလိုက်လာပြီး
"ကိုကို...စောင့်...ပါအုံး...မောလိုက်တာ...ခုနက ဘာ
လို့ဝင်တိုက်သွားတာလဲ..."
"ဘာမှမဟုတ်ပါဘူး...ငါမတွေ့မိလိုပါ..."
"ထားပါတော့...အိမ်ပြန်ကြမယ်လေ..."
"ဘယ်အိမ်ကိုပြောနေတာလဲ..."
"ကိုကို့အိမ်လေ..."
"မင်းမှာ အိမ်မရှိလို့လား...ကိုယ့်အိမ်ကိုယ်ပြန်တော့"
"ဗျာ...အဲ့လိုတော့ရက်မစက်နဲ့လေဗျာ...ကျွန်တော့ကို
ကိုကို့အိမ်မှာ ပေးနေလေ..."
"ငါ့အိမ်က တည်းခိုးခန်းမဟုတ်ဘူး...ကိုယ့်အိမ်ကိုယ်
ပြန်...ကြားတယ်နော်.."
"ကိုကို တဂယ်မခေါ်သွားဘူးလား..."
"တဂယ်..."
"ပြီးရောလေ...ကိုကို ကျွန်တော်အကြောင်းသိပြီး
မှတ်..."
"ဟေ့ဟေ့...မင်းဘာလုပ်တာလဲ..."
"အူးဝါး....ကိုကို ညီလေးကိုပစ်ထားတော့မှာလား...
ကိုကို ညီလေးကိုမသနားဘူးလား...ညီလေးမှာ သွားစ
ရာနေရာကလည်းမရှိ အားကိုးစရာလူလည်း မရှိတာ
ကို...ညီလေးကိုရက်စက်တော့မှာလား...အူးဝါးးး.."
"ဟေ့...မင်း...မင်း..ဘာတွေလုပ်နေတာလဲ...လူတွေ
ကြည့်ကုန်ပြီး..."
Haoxuanသည် မြေပြင်ပေါ်ကိုထိုင်ချကာ ခြေကန်ပြီး
အော်ငိုရင်း ပြောလေသည်။ လူတွေက အဝေးကနေ
အုံလာပြီး
"ကိုယ့်ညီတစ်ယောက်လုံးတောင် မစောင့်ရှောက်နိုင်
ဘူးလား...ဘယ်လိုလူလဲမသိ..."
"ကြည့်ပါအုံး..သူ့ခမျာသနားစရာလေး...ကြည့်ရတာ
သူ့အကိုကို တော်တော်ချစ်ရှာတယ်ထင်တယ်..."
"သူ့အကိုကတော့ ပစ်ချင်နေပုံရတယ်...ဒီလောက်
ချောတဲ့ ညီလေးကိုပိုင်ဆိုင်ထားတာတောင်မှ..ပစ်ချင်
နေသေးတယ်..."
လူတွေတစ်ယောက်တစ်ပေါက်ဝင်ပြောရာ jiyang
တစ်ယောက် ငြင်းဆိုရင်း ရှက်နေသည်။
"မ...မဟုတ်ဘူး...သူက ကျွန်တော့ညီမဟူတ်ဘူး.."
"အူးဝါးးး.. ..ကိုကို...ညီလေးလိမ္မာပါ့မယ်နော်...မ
ဆိုးတော့ပါဘူး...နော်နော်..."
"ဟူးးးးး...ငါတော့ မင်းနဲ့သေတော့မှာဘဲ..."
နောက်ဆုံးတွင် Haoxuan ကအနိုင်ရရှိပြီး Jiyang
အိမ်သို့ရောက်သွားပါတော့တယ်။ အိမ်ရောက်သောအခါ Jiyangသည် မီးဖိုချောင်ထဲသို့တည့်တည့်ကြီး
ဝင်သွားပြီး ဟင်းရွက်လှီးဓားကို ယူထုတ်ခဲ့သည်။ Haoxuanက လန့်ဖြန့်ကာ
"ဟ....ကိုကို...ဘာ...ဘာ..လုပ်...တာ..လဲ..."
"ဘာတဲ့...ငါက မင်းကိုပစ်ချင်တာတဲ့လား...နောက်
ပြီး...ဘာ..အားကိုးစရာမရှိဘူး...နေစရာနေရာမရှိ
ဘူး...."
"အဲ...အဲ့တာကလေ....ဟို....ဟို..."
"ဘာလဲ..ပြောလေ..ဘာပြောချင်လို့လဲ..."
"အူးးးး....ဝါးးးး....ကိုကိုရယ်...ကျွန်တော့ကိုခွင့်
လွှတ်ပေးပါ....ကျွန်တော် ကိုကိုနဲ့နေချင်လွန်းလွန်းပါ
....နော်နော်...."
"မင်း...မင်း..."
Jiyangသည် Haoxuanရဲ့လည်ပင်းအနားသို့ ဓား
ရောက်သွားတော့သည်။
........
ကဲ....ဘာလုပ်မယ်ထင်လဲ...သူတို့ကြားထဲ အစစ်မ
ရောက်လာပြီးဆိုတော့က......သူမနာမည်က အန်ရင်း
ပါနော်...😁😁😁
#Kyelsin
YOU ARE READING
Romanceခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စည်းကမ်းတင်းကြပ်တဲ့ဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်