1

8.7K 447 7
                                    

ရှင်းချန်!!!

"What"

နောက်က လှမ်းခေါ်သူကြောင့် ရှင်းချန် တစ်ယောက် အခုဏတင် ပျော်လာတယ့် အပျော်လေးတွေ ကြက်ပျောက် ဌက်ပျောက် ဖြစ်လိုက်ရပြီ

"မင်းကို ခဏ ခဏ ပြောတယ်နော် အယ်လို သူများ ကိုယ်ထဲ ဝင်ပြီး မသောင်းကျန်ဖို့ "

နောက်က လှမ်းခေါ်သူ ပယောဂ ဆရာမကြောင့် မူးနေတာတောင် အမူးပျောက်သွားရတယ် တော်တော် အသံကျယ်တယ့် ဆရာမ စိတ်ထဲတွင်တော့ အတွေးလေး ဖြစ်သွားရတယ် အပြင် ဘက်တော့ သူအတွေးတွေ မထွက်လာရဘူးဖြစ်သွားတယ်။

အတွေးတွေ ဘယ်ထွက်လာလို့ရမလဲ နားကို လိမ်ဆွဲ နေတာကို

"အားး ဆရာမ နာတယ် လွတ်အုံး အားကြီးနဲ့ သူ ဝိတ်မှ အားမနာ "

ရှင်းချန် တစ်ယောက် သူရဲ့ နားနုနုထွတ်ကို ပွတ်ပြီး အော်ပြောလိုက်တယ်။

"ကောင်လေး နာအောင်ဆွဲ တာလေ နာမှာပေါ့ မင်းလုပ်ပုံကကော အဆင်ပြေလို့လား ပြောစမ်းပါအုံး သူများ ခွင့်ပြု ချက်မရဘဲ အယ်လို ခဏခဏ ဝင်ရောက်နေတာ နည်းလမ်းမကျဘူးနော်"

"သေပြီးမှတော့ ဘယ်သူ့ဆီက ခွင့်ပြုချက် တောင်းရအုံးမှာလဲ မတောင်းဘူး လုပ်ချင်တာ လုပ်မှာ"

"ပြောမရ ဆိုမရ ကောင်လေး လာလိုက်ခဲ့ အိမ်ကို"

ဒီကောင်လေးက သေသွားတာတောင် အစွဲ ချွတ်ပေးမယ် ကောင်းရာကို သွားပါဆိုတာတောင် မသွားနိုင်ဖြစ်နေလို့ သနားမိလို့ ခုလိုတွေ ပူပင်နေရတာ ကောင်လေး မသိဘူး

အခန်းရှေ့ရပ်ပြီး အခန်းသော့ ဖွင့်နေရင်း ကောင်လေး လက်ကိုလည်းဆွဲထားရသေးတယ်ပြောလို့မရဘူး ဒီကောင်လေးက အရမ်းသွပ်လက်ပြီး အရမ်းလျင်တာ သူလို့ ဝဖောင်းဖောင်း လူတစ်ယောက်ကို အသာလေးဘဲ

"လာခဲ့ ကောင်လေး "

ဆရာမ က လှမ်းခေါ်တယ် သူ ဒီလို့ ဗေဒင် အခန်းတို့ အစွဲ ချွတ်တယ့်အခန်းတို့ ဝင်ရမှာ မသတီဘူး အသက် ရှိစဉ်တုန်းကတောင် ဒီလို နေရာမျိုး ကို ရှောင်ပြီးမှ သွားတာ

"မဝင်ချင်ပါဘူး ဗျာ ကျွန်တော်ကို ဒီအတိုင်း လွတ်ထားပေးလို့ မရဘူးလားဟင်"

ကိုယ်ရဲ့ စားဖိုမှုးလေး Место, где живут истории. Откройте их для себя