ရှောင်ကျန့် အထုတ်များကို နေရာချလိုက်တယ် ။အဝတ်အစား များများစားစားရယ် မရှိဘူး ကျောပိုးအိတ် တစ်အိတ်ရယ် ဆွဲ အိတ် တစ်အိတ်ရယ် အမွေးတိုင် ခွက်ကလေးရယ် အဖွားပေးထားတယ့်အဆောင် လှံတစ်လက်ရယ်...
နေရာချတာပြီးစီးသွားချိန် အလုပ်ချိန်ဖြစ်တယ့်အတွက် ယူနီဖောင်းကို လဲ ဝတ်ပြီး စားဖိုအခန်းဘက် ထွက်လာခဲ့တယ်။ရှောင်ကျန့်အခန်းက chef ရိပေါ် အခန်းနဲ့ ဘေးချင်ကပ်ဆိုပေမယ် နောက်ဖေးကနေ စတို ခန်းကို ဖြတ်ပြီး စားဖိုဆောင်ဘက်ကို သွားရတယ်။
အခန်းထဲ ရောက်ချိန် အားလုံးက သူ ဝင်လာတာကို မသိသလိုဘဲ လုပ်လက်စ တာဝန်ကျရာများကို လုပ်ကိုင်နေကျတယ်။
တစ်နေရာအရောက် Reception မှာ ဝှီးချဲလ်နဲ့ chef အမကို တွေ့လိုက်ရတယ်။chef အမက တစ်ခါတစ်လေ ဆိုင်ကို ရောက်လာတက်တယ် ။ သူ့ကို တွေ့တော့ပြုံးပြပြီး လှမ်းနူတ်ဆက်တယ်။
"ကျန့်ကျန့် အခုမှ အလုပ်လာတာလား "
"ဟုတ်ကဲ့ မ "
"မကော နေကောင်းလား "
"ကောင်းပါတယ် ကျန့်လေးရဲ့ အမလည်း အိမ်မှာနေရတာ ပျင်းနေတာရယ် ဆိုင်လည်း မရောက်တာ ကြာတော့ အေုခအနေ လေး လာကြည့်ချင်တာရယ်ကြောင့် ရောက်လာတာလေ "
နှစ်ဦးသား အပြန်အလှန်နူတ်ဆက်ရင်း ရှောင်ကျန့်လည်း အလုပ်လုပ်စရာရှိတာကြောင့် chef အမ ကို နူတ်ဆက်ခဲ့ပြီး စီနီယာတို့ရှိတယ့်နေရာကို အပြေးအလွှားသွားလိုက်တယ်။
"စီနီယာ ကျန့်ကျန့် ဘာလုပ်ပေးရမလဲ "
ရှောင်ကျန့်မေးလိုက်တယ်။ရှောင်ကျန့်က အကူ သဘောမျိုးနဲ့ဘဲ ဆိုင်မှာ တာဝန်ယူရတယ်။ အကူ ဆိုတာမျိုးက စားပွဲ ထိုးပေးရတယ် ။ပန်းကန်တွေ ဆေးပေးရတယ် ။ လိုအပ်တာ ဝယ်ပေးရတယ် ။တစ်နေ့တာအတွက် chef က လိုအပ်တာများ ပြောပြထားရင် ကြိုပြီးတော့ ပစ္စည်းများ ဖြည့်ထားရတယ် ဒါကြောင့် ဘယ်နေရာ ဘာရှိလည်း ရှောင်ကျန့်က သိတယ်။ ဟင်းပွဲကို အစကနေ အဆုံးထိ ဝင်ရောက် ချက်ပြုတ်ပြီး ပြင်ဆင်ပေးတာမျိုးတော့ ရှောင်ကျန့် မလုပ်ရသေးဘူး။
![](https://img.wattpad.com/cover/216828205-288-k506252.jpg)