အခန်းထဲ ရောက်ရောက်ခြင်း စီနီယာ စုန်လန်ဆီက ယူလာတယ့် SD Card ၊ ကတ်ဆက်ကို ထုတ်လိုက်ပြီး ဗီဒို ပေါ်မှာ တင်ထားတယ့် အိတ်မဲထဲ ပစ်ထည့်လိုက်တယ် ။
အိတ်ထဲကို စီနီယာဆီမှ ရတယ့် ပစ္စည်း ထည့်နေတုန်း smart phone ဖြူဖြူလေး တစ်ခုကို ကောက်ယူပြီး screen ကို ဖွင့်ကြည့်လိုက်တယ် ။ ပြုံးနေတယ့်ကောင်လေးတစ်ယောက်ပုံက ပေါ်လာတယ်။ နောက်ပြီး သူငယ်ငယ်က ဆော့စရာ ပစ္စည်း တစ်ချို့ပါ ရှိနေတယ်။
Flashbackငယ်ငယ်က လိုချင်တာဆိုရင် သူမရရှိခဲ့ဘူး ။အဖေနဲ့အမေက သူ့အကိုပေါ်ကိုဘဲ အရေးပေးဆက်ဆံတယ် သားနှစ်ယောက်မှာ အငယ်ဖြစ်တယ့်သူ့ကို ဦးစား မပေးဘူး။တစ်ခါတစ်လေတောင် အနိုင်ကျင့်တယ့် သူမိဘတွေကို သူ မုန်းမိတယ်။ကျောင်းမှာဆိုရင်လည်း သူ့ထက် အသက်ကြီးတယ့် ကျောင်းသား တစ်ချို့က အနိုင်ကျင့်ကျတယ် ။ ပြန်လုပ်လိုက်လို့ကျောင်းရုံးခန်း ရောက်သွားတယ့် နေ့မျိုးဆိုရင် အိမ်ရောက်တာနဲ့ မိဘတွေက အသေရိုက်တာလည်းခံရတက်တယ်။
သူ့မွေးနေ့ဆိုရင် မိဘတွေ အမြဲသတိမရတက်ကျဘူး။သတိကိုမရကျတာ။ သူ့အကို မွေးနေ့ဆိုရင် တစ်ခမ်းတစ်နား အပြင်မှာ သွားပြီးစီစဉ်ပေးတယ် ညစာကို အပြင်မှာ စားသောက်ကျတယ်။ သူ့အကိုက သူ့ထက် စာတော်တယ် စာတော်တယ့်သူ့အကိုကို မိဘတွေက အရမ်းချစ်ကျတယ် ။သူကတော့ သူ့အကိုထက် ပိုမတော်ချင်တာကြောင့် တစ်နှစ်တစ်တန်းအောင်လိုက်ယုံ သာစာလုပ်တယ်။သူ့စိတ်ထဲခံစားချက်ကို ဘယ်သူမှ မသိကျဘူး ။ အတန်းထဲ မှာလည်း အမြဲအပယ်ခံဘဲ ။
တစ်ရက် ကျောင်းက ကျောင်းသားတွေ သူကို မှောင်မဲ လွန်းတယ့်အခန်းတစ်ခန်းကို ခေါ်ပြီး သူ့ကို ဆေးလိပ်ဝယ်ခိုင်းတယ်။ သူ မဝယ်ပေးချင်ကြောင်းပြောတော့ သူကို ဝိုင်း ကန်ကျောက်ကျတယ်။ နှိပ်စက်ကျတယ် ။ တစ်ချို့ဆို ဗိုက်ကို ကန်ကျောက်လို့ မလုပ်ပါနဲ့တားရင်တောင်လက်မခံကျဘူး ။ဒီလိုတွေ ခံရတာ သူမိဘတွေကြောင့်လို့ သူတွေးမိတယ်။
မိဘတွေဂရုမစိုက်တာခံရတယ့်သူဘဝကိုသူမကျေနပ်ဖြစ်လာတယ်။အမေ အဖေ သာ သူကို ဂရုစိုက်ခဲ့ရင် အကို အပေါ်ကို ဂရုစိုက်သလို သူကို နည်းနည်းလောက်သာ သတိထားမိပြီး ချစ်ပေးခဲ့ရင် သူအားမငယ်လောက်ဘူးလို့ သူတွေးမိတယ်။ တစ်ကယ်မိဘမေတ္တာ ငတ်နေသူကို..........
KAMU SEDANG MEMBACA
ကိုယ်ရဲ့ စားဖိုမှုးလေး
Romansaအချစ်ဆိုတာ မသိလိုက်ခင်မှာဘဲ ဝင်ရောက်နေရာယူမိသွားတယ်။