ဆရာမဆီ ထွက်လာခဲ့တယ့်ရှင်းချန်တစ်ယောက်ကတော့ ဆရာမရှိတယ့်အိမ်ကိုရောက်လာခဲ့ပြီဖြစ်တယ်။ဆရာမကတော့ အခန်းထဲ တွင်ရှိနေတာဖြစ်လောက်မယ်ထင်တယ် သူ ဆရာမကို မတွေ့ရဘူး ဆရာမ သူရောက်နေတာ သိမှာဘဲ ဆိုတယ့် အတွေးနဲ့သာ သူ ကြမ်းပြင်ထက် လှဲလျောင်းနေလိုက်တယ်။
နတ်ဆရာမ တစ်ချွင့်ချွင့်အသံကြောင့် သူ့ဆီကို ရှင်းချန်ဆိုတယ့်ကောင်လေးရောက်နေပြီဆိုတာ သူ အခန်းထဲကနေ သိလိုက်ရတယ်။ တစ်ခုခု ထူးခြားလို့သာ ဒီကောင်းလေး ရောက်လာတာဖြစ်မယ်လို့ ခံစားမိလိုက်တယ်။ အခန်းထဲ ခေါင်းမကောင်းလို့ လှဲနေတယ့် ဆရာမတစ်ယောက် ကုန်းကွကွနဲ့ အခန်းအပြင်ဘက်ကို ထွက်လာခဲ့လိုက်တယ်။ အခန်းအပြင်ဘက် ထွက်ထွက်ချင်း ကြမ်းပြင်ပေါ်မှာ နဖူးပေါ်လက်တင်လို့ မျက်စိ မှိတ်ပြီး လှဲ အိပ်နေတယ့် ကောင်လေးကို တွေ့လိုက်ရတယ်။သူမ မီးဖိုချောင်ဘက် လျောက်သွားလိုက်ပြီး ထို ကောင်လေးစားဖို့ တစ်ခုခု ပြုလုပ်ပေးလိုက်တယ်။ ပြက်ဆင်ပြီးတာနဲ့ ထမင်းနဲ့ရေကို စားပွဲ ခုံပေါ်တင်ပြီး ထို သရဲ လေး စားလို့ရအောင် ဆောင်ရွက်ပေးပြီးတာနဲ့ လှဲ အိပ်နေတယ့် ကောင်လေးကို ခေါ်လိုက်တယ်။ သူမ ခေါ်တာနဲ့ လှဲ အိပ်နေတယ့် ကောင်လေး သူနဲ့ ထမင်းများရှိရာ စားပွဲ ခုံအနီးနားကို ရောက်လာခဲ့တယ်။ စားပွဲခုံကို ဆွဲ ထုတ်ပြီး ခေါင်းမဖော်ဘဲ စားနေတယ့် ထိုကောင်လေး မျက်ဝန်းများက ဝမ်းနည်းရိပ်ရောင်တွေကို မြင်နေရတာ်။အရင်က စကားအရမ်းများတယ့် ကောင်လေးက အခု တော့ စကားတစ်ခွန်းမှကို ဖွင့်ဟလာခြင်းမရှိဘူးဖြစ်နေတယ်။မျက်နှာ မသာမယာဖြစ်နေတယ့် ထိုကောင်လေးကို သူမကဘဲ စကားစပြောလိုက်တယ်။
"ဘာဖြစ်လို့ ရောက်လာတာနဲ့ ဆရာမ ပြောထားတယ့် ကိစ္စကို လက်ခံပေးဖို့ရောက်လာတာလား"
သူမရဲ့အစပျိုးလိုက်တယ့် စကားသံကြောင့် စားဖို့ပါးစပ်နားရောက်လုနီးဇွန်းက ပါးစပ်နားရောက်ခါနီးမှ ရပ်တံ့သွားတာတွေ့ရတယ်။ ထမင်းပါ ဇွန်းကို ပန်းကန်ထဲ ပြန်ထည့်ပြီး သက်ပြင်းကို ချလို့ ဆရာမရဲ့ မျက်ဝန်းကို ကြည့်လာတယ့် ရှင်းဆိုတယ့် သရဲလေးရယ်ပါ
