ရှောင်ကျန့် chef ကို ထားခဲ့ပြီး သူ့အခန်းထဲ ဝင်လာခဲ့လိုက်တယ်။ခုန်နေတယ့် ရင်ဘက်ကလေးကို ဖိပြီး အတော်ကြာ တံခါးကို မှီနေမိတယ်။chef နဲ့ပတ်သက်ရင် အသေးအဖွဲ့လေးကအစ ရင်ခုန်နေမိတယ်။အခန်းထဲ သွားပြင်လာခဲ့လို့ပြောတယ့်အတွက်သာ အခန်းထဲ လာခဲ့ပေမယ့် ရှောင်ကျန့် များများစားစား ပြင်ဆင်စရာ မရှိဘူး နေ့ခင်းကတည်းက ယူနီဖောင်းလဲ ပြီး အပြင်သွားတာဖြစ်တယ့်အတွက် အဝတ်အစား တကူးတက လဲစရာမလိုဘူး ဖြစ်နေတယ်။
ရှောင်ကျန့် ကိုယ်ကိုကိုယ် ပြန် ငုတ်ကြည့်လိုက်တယ် အဝတ်အစားကောင်းကောင်းရယ်သူမှာသိပ်မရှိ နောက်ပြီး အခု သူဝတ်ထားတာတွေက အရမ်းရိုးလွန်းတယ် အခွင့်ကြုံခဲ့ရင်တော့ အဝတ်အစားတစ်ထည်တစ်လေတော့ သူဝယ်မယ်လို့ဆုံးဖြတ်လိုက်တယ်။
ရှောင်ကျန့် သူ့အခန်းထဲကနေ မီးဖိုခန်းဘက် ပြန်ထွက်လာခဲ့လိုက်တယ်။မီးဖိုခန်းထဲမှာ သူ့ကို စောင့်နေတယ့် chef ကို တွေ့လိုက်ရတယ် ။ စွယ်တာ အပြာရောင် အပေါ်ဖုံးလေး ဝတ်ထားတယ့် chef က သူ့မျက်လုံးထဲ ချစ်ဖို့ကောင်းနေတယ်။
"Chef ကျန့်ကျန့်ရောက်ပြီ "
ရိပေါ် သူ့ရှေ့က ခပ်စာစာ အသံလေးဖြင့် ပြောလာတယ့်ကျန့်ကျန့်ရဲ့ လက်ကို ဆွဲ ပြီး စားပွဲ ဝိုင်းမှာထိုင်စေလိုက်တယ်။သူလည်း ကျန့်ကျန့်ရဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။
"ကျန့်ကျန့် "
ရှောင်ကျန့်လို့ အမြဲ ခေါ်တက်တယ့် chef ဆီက ကျန့်ကျန့်လို့ ခေါ်သံထွက်လာတယ်ဆိုတော့ သူကို အရေးတစ်ကြီး ဘာများပြောမလိုပါလိမ့်ဆိုပြီး chef မျက်နှာကို စိုက်ကြည့်ပေးလိုက်တယ်။
ရိပေါ် ခံစားနေမိတယ် ရှောင်ကျန့်က အရင်ကဆို သူကို စိုက်ကြည့်ဖို့်ဆို ဝေးလာဝေး သူ တစ်ခွန်းမေးမှ တစ်ခွန်းပြန်ဖြေတတ်တယ်။သူ ရှောင်ကျန့် ပြောင်းလဲ လာတာကို ခံစားမိတာ ကြာနေပြီဖြစ်ပေမယ့် အခု လို ရဲရဲဝင့်ဝင့်ဖြစ်စေချင်နေတယ့် သူ့အတွက်ကတော့ အခု ပုံစံ ဖြစ်နေတယ့် ရှောင်ကျန့်ကို သဘောကျနေမိတယ်။
"ကိုယ်ပြောစရာရှိလို့ ဒီနေ့ ကိုယ် ကျန့်ကျန့်ကို အခြေခံနည်းတွေ မသင်ပေးဘူး နောက်ပြီး ကိုယ့်သူငယ်ချင်း မျန်မျန်ကို သိတယ်မလား "