25

1.9K 151 7
                                    

နောက်တစ်နေ့မနက်

ရှောင်ကျန့် ကိုကို မနိုးခင် စောစီးစွာထလိုက်တယ် ​စောစီးဆို ညကတည်းက ဖုန်းမှာ Alarmပေးထားပြီးအိပ်လိုက်တာဖြစ်တယ်။ပြင်ဆင်စရာရှိတာတွေပြင်ဆင်လိုက်ပြီးနောက် ​ရှောငိကျန့်အဆင်သင့်ဖြစ်နေပြီ အခန်းထဲ မှာဘဲ ကိုကို လာအခေါ်ကို စောင့်နေလိုက်တယ်။

အားကစားလုပ်မယ်ဆိုတော့ ပေါ့ပေါ့ ပါးပါးဖြစ်အောင် ဘောင်းဘီအနက်အတိုလေးနဲ့ Tshirt ခဲရောင်လေးကို တွဲဝတ်ထားလိုက်တယ် အားကစားဖိနပ်ကို သေချာ ကြိုးချည်ထားတယ်။ပြေးရမှာမလား ကိုကိုက မနက်တိုင်း အပြေးလေ့ကျင့်တာသိထားတာလည်းပါတယ်။

ဒေါက်....ဒေါက်

အခန်းရှေ့က တံခန်းခေါက်သံကြောင့် ရှောင်ကျန့် ဆက်ခနဲထလိုက်တယ်။ပြီးတာနဲ့ပျော်ရွှင်စွာ ခုန်ပေါက်ပြီး တံခါးသွားဖွင့်လိုက်တယ်။
တံခါးကို အကုန်လုံးဖွင့်မပေးဘဲ တစ်ဝက်လောက်ဖွင့်ပြီအထဲကနေ ခေါင်းလေးဘဲ အရင်ထွက်လိုက်တယ်ရှေ့က လာခေါ်တယ့် ကိုကို့ကိုခေါင်းစခြေအဆုံး ကြည့်လိုက်တယ်။ရှက်​နေတယ်ထင်ပ တံခါးကိုကျောပေးပြီးရပ်နေတာတွေ့လိုက်ရတယ်။ရိပေါ် အထဲက တံခါးဖွင့်သံကြားလို့ကျောပေးရပ်နေရာမှ အခန်းဘက် မျက်နှာမူလိုက်တယ်။

ရိပေါ် အခန်းတံခါးဖွင့်လိုက်တာနဲ့ မျက်နှာလေးဘဲ အရင်ထွက်ပြီး သူ့ကို ပြုံးကြည့်နေတယ့်ရှောင်ကျန့်ကိုတွေ့လိုက်ရတယ်။

"ပျော် နေ တာ လား "

စကားလုံး တစ်လုံးချင်းသူရှေ့က ချစ်ရသူကိုမေးလိုက်တယ်။ ​ခေါင်းကို အဆမတန် ငြိမ့်ပြနေတယ့်ရှောင်ကျန့်က အသည်းယားဖို့ကောင်းတယ်။ နည်းနည်းကြာမှ သူ​ရှေ့ကို တစ်ကိုယ်လုံးနီးပါးထွက်ပြလာတော့တယ်သေချာကြည့်မိတော့မှ ဘောင်းဘီအတိုနဲ့ ခဲရောင်အင်္ကျီက ရှောင်ကျန့်နဲ့လိုက်ဖတ်လွန်းနေတယ်။ရှောင်ကျန့်ကသူ့ထက် အရပ် ခေါင်းတစ်လုံးစာရှည်ပေမယ့် အားကစားမလုပ်ထားတယ့်အတွက် ပျော့တိပျော့ဖတ်လေးလိုဖြစ်နေတယ်။လူကောင်ကလည်း သေးသေးလေးနဲ့

"နိုးတာကြာနေပြီးလား "

"ဟင့်အင်း မကြာသေးပါဘူး "

ကိုယ်ရဲ့ စားဖိုမှုးလေး Where stories live. Discover now