"ကျန့်ကျန့်ရေ ဟို ရေခဲ သေတ္တာထဲက အသားထုတ်လေး သွားယူပေးပါအုံး"
"ကျန့်ကျန့်ရေ ဟို က စားပွဲ ဆီ ဒါလေး သွားပို့ပေးအုံး"
"ကျန့်ကျန့်ရေ ဒီ ဟင်းကို ခဏ လာမွှေပေးထားအုံး"
"ကျန့်ကျန့်ရေ ..........."
ဟူး.... ဒီ လူက စားဖိုမှုးလား ခိုင်းဖက်လာတောင် မသဲ ကွဲတော့ဘူး ခိုင်းနေတာဘဲ
အ!!အား....
အသံကြားလို့ လှည့်ကြည်မိတာ လက်ကို တစ်ဖူးဖူးနဲ့ ပုတ်နေတယ့်ကျန့်ကျန့်
"ဘာဖြစ်တာလဲ ပေးပေး လာလာ ရေ အရင် လောင်းချ လိုက် "
မေးလည်းမေး လက်ဆွဲ ပြီး ဘေစင်မှာ သူ့လက်ကို ကူဆေးပေးနေတယ့် chef
"ဘာတွေ အတွေးများနေတာ လဲ မီးနဲ့ ပတ်သက်ပြီး အလုပ်လုပ်နေတာ ဆော့နေတာ မဟုတ်ဘူးကွ အတွေးတွေ ပြန့် မနေနဲ့ မင်းတစ်ခုခု ဖြစ်တာ အကြောင်းမဟုတ်ဘူး ဒါက မင်းလက်ထိ သွားလို့ပေါ့ မဟုတ် ရင် အိုးထဲ မီးဝင်တောက်ရင် တစ်ဆိုင်လုံး ကိုယ်ကျိုးနည်းတော့မှာ မင်းသိလား"
သူတို့ သူငယ်ချင်း ရိပေါ် ဒီလောက်ဒေါသထွက် မမြင်ဘူးဘူး
"ရပြီ နောက်က store အခန်းထဲ ခဏ သွားနားနေလိုက် "
"ဟုတ် Chef"
သူပြောတာ နားထောင်ပြီး မျက်လုံးလေး ပင့်ကြည့်နေတယ့် ကျန့်ကျန့် သူလည်း ဘာလို့ အယ်လောက် ဒေါသထွက်သွားလဲ မသိလိုက်ဘူး ထွက် ခွာ သွားတယ့်ကျောပြင် ကြည့်ရင်းသက်ပြင်းချမိလိုက်တယ်။
ငါ ဘာမှားလို့ သူက ဒီလောက် အော်ရတာလဲ အဟင့်...ဟင့်
ဖြေးဖြေးပြောလည်း ရတာကို မကောင်းတယ့် လူကြီး ရုပ်လေးနဲ့မှ မလိုက် မနက်က ချောတာပြောထားတာ ပြန်ရုပ်သိမ်းတယ် ရုပ်ဆိုးကြီးဖူး...ဖူး....
ပြောလည်းပြော ပါးစပ်ကလည်း အနာကို တစ်ဖူးဖူးနဲ့ မုတ်နေတယ် အနောက်က အသံကြားမှ သူပြောတာ ကြားသွားလားမသိဘူး"အင့်လျော့ သက်သာအောင်ဆေးလိမ်းထားလိုက် အမာရွတ် ထင်မယ်"
ဟွန့် အခုမှ အနာပေးလိုက် ဆေးပေးလိုက်နဲ့
"ယူလေ ကိုယ်လိမ်းပေးရအုံးမှာလား "