စုန်လန် ဝမ်ချောင်တို့နဲ့ နေ့လည်စာ စားပြီးတာနဲ့ တရားခံနဲ့ပတ်သက်တယ့် သက်သေတွေ သွားယူဖို့ထွက်လာခဲ့လိုက်တယ် ။ သူအသိ သူငယ်ချင်းတစ်ယောက်ကို အကြောင်းစုံပြောပြပြီး အကူညီ တောင်းလိုက်တာဖြစ်တယ်။ အယ့် သူငယ်ချင်းကလည်း ရဲ ပတ်ဝန်းကျင် ရဲ မိသားစုကဆိုတော့ အဆင်ပြေပြေနဲ့ကူညီပေးတယ် ။ အခု လည်း သွားယူပြီးလို့ အိမ်ကို ပြန်နေပြီဖြစ်တယ်။မြေအောက် ကားပါးကင်ကို ရောက်တာနဲ့ ကားကို သေချာရပ်စေပြီး အပေါ်ကို သွားဖို့ ကားပေါ်ကဆင်းလိုက်တယ်။ အရင် အခါတွေတုန်းကဆိုရင် ကားပါးကင် ရဲ့ လုံခြုံရေး ဦးလေးတွေတောင် ရံဖန်ရံခါ round လှည့်တာတွေ့မိသေးတယ်။ ဒီနေ့လို ကားပါးကင်ထဲ လူနည်းပြီး လူမတွေ့တာ ရှားတယ်။ ထူးခြားမူကို လစ်လျူ ရူလိုက်ပြီး သူ့အိမ်ခန်းကို ရောက်ဖို့ ဓာတ်လှေခါးစီးရတယ် ။ လမ်းလျောက်နေရင်း နောက်က တစ်ယောက်ယောက် လိုက်လာသလို့ ကျောဘက်က ခံစားရတယ်။ လှည့်ကြည့်မိပေမယ့် တစ်ယောက်မှ မတွေ့တာနဲ့ ပုံမှန်တိုင်းပြန်လျောက်နေလိုက်တယ်။
ခွမ်......
လူက ကွန်ကရစ်ခင်းထားတယ့် အောက်ခြေကို လှဲ ချသွားတယ်။ သတိရတစ်ချက် မရတစ်ချက်နဲ့ သိလိုက်တာက သူ့ခေါင်းကို နောက်ကနေ အမာ တစ်ခုခုနဲ့ ရိုက်လာတာဘဲ သိလိုက်တယ် ။ တစ်ဖြေးဖြေး မြင်ကွင်းတွေက အမှောင်အတိ ဖြစ်သွားတယ်။
အပေါ် အနက် အောက်အနက် ဉ်ီးထုတ်ကအစ အနက် တစ်ကိုယ်လုံးချည်းဝတ်ထားတယ့် လူတစ်ယောက်
လှဲ ချသွားတယ် စုန်လန်ဘေး ကို အနက်ရောင်လူဝင်ထိုင်လိုက်တယ် ။ ဆောင်းထားတယ့်ဦးထုတ်ကို အပေါ်ကို ပင့်တင်လိုက်တယ်။ ပြီးတာနဲ့ ဘောင်းဘ်ီအိတ်ထဲက sd card တစ်ခု ကတ်ဆက် တစ်ခု ကို နှိက်ထုတ်ယူလိုက်တယ် ။
***************
ဝမ်ချောင် စုန်လန် ရဲ့ အိမ်ကို ဖုန်းဆက်ပေးပြီး ထိခိုက်မှုဖြစ်သွားလို့ ဆေးရုံ တင်လိုက်ရတယ့်အကြောင်း မရီးကို ဖုန်းဆက်အကြောင်းကြားပေးလိုက်တယ် ။ စီနီယာ စုန်လန် နေ့ခင်းထမင်းစားပြီးတာနဲ့ အပြင်ထွက်သွားတာ သူ့စိတ်ထဲ နေလို့မကောင်းတာနဲ့ ခွင့်တိုင်ပြီး စုန်လန် နောက်ကို လိုက်လာတာ အတော်ဖြစ်သွားတယ် ကားပါးကင် အောက်မှာ စီနီယာကို တွေ့လိုက်ရတယ် ။သွေးသံတရဲရဲ ဖြင့် သူချက်ချင်း ဆေးရုံကားကို ဖုန်းဆက်ခေါ်ပြီး အခုလို မရီးကိုလှမ်းအကြောင်းကြားပေးလိုက်တာ ဖြစ်တယ်။