34

1.8K 147 12
                                    

ရိပေါ်ဆေးရုံစရိတ်များကို ရှင်းလင်းပြီးတာနဲ့ ကုတင်ဘေးနား မှာ ရှိနေတယ့်ကျန့်ကျန့်ဘေးနားကို လာလိုက်တယ်။ ကုတင်ထက်က လူနာ ဦးလေးကြီးရဲ့ လက်ကို မလွတ်တမ်း ကိုင်ထားတယ့်ကျန့်ကျန့်ကို တွေ့လိုက်ရတယ်။ ကျန့်ကျန့်ဘေး နား အသာ မတ်တပ်ရပ်လို့ ကျန့်ကျန့်ရဲ့ခေါင်းလေးကို ကိုင်ပြီး မတ်တပ်အနေထားဖြင့် ဆွဲဖတ်ထားလိုက်တယ်။သူ ခေါင်းကိုင်ပြီး ဆွဲ ဖတ်ထားတယ့်အနေအထားဖြင့် သူ့ချစ်ရသူ က အလိုက်သင့်ပါလာပြီး လူနာကိုင်ထားတယ့် လက်ကိုလွတ်ချလို့ လက်သေးသေး နှစ်ဖက်ဖြင့်သူ့ ခါးကို ရစ်ပတ်ဖတ်တွယ်လာတယ်။ အခု အနေအထားက သူက မတ်တပ်ရပ်နေပြီး ကျန့်ကျန့်က ထိုင်လျက် သူခါးကို ဖတ်လို့ မျက်နှာကို သူ့ဗိုက်ပေါ်အပ်လို့ ကိုယ်လုံးလေး မသိမသာ တုန်နေတယ့်။
တုန်နေတယ့် ခန္ဓာကိုယ်သေးသေးလေးကို တိုးလို့ပိုဖတ်လို့ ခေါင်းလေးကို ဖြေးဖြေးလေး ပုတ်လို့ နှစ်သိမ့်ပေးလိုက်တယ်။သူ့ချစ်ရသူက တစ်ကယ့်ကိုပကတိ ရိုးသားဖြူစင်ပြီးလူသားတိုင်းအပေါ်သနားကျင်နာတက်တယ့် လူသားလေးတစ်ဦးပင်ဖြစ်တယ်။တစ်ခဏအကြာ ဖတ်ထားနေရင်းက မှေးစိကနေမျက်နှာကို ပင့်တင်လို့ မျက်နှာလေး မြင်ရအောင် မော့လိုက်တယ်။ ငိုထားတယ့် အရှိန်ကြောင့် နှားခေါင်းထိပ်သီးလေးတွေ ရဲတက်နေပြီး မငိုမိအောင်နူတ်ခမ်းကို အသာကိုက်လို့ ထိန်းထားတယ့် အတွက် နူတ်ခမ်းသားလေးတွေလည်း ရဲတက် လို့နေတယ် မျက်ခွံလေးတွေကလည်းမို့အစ်လို့နေတယ် ဒီအခြေအနေမှာတောင် သူ့ရှေ့က ချစ်ရသူက သူ့မျက်စိထဲ ချစ်ဖို့ကောင်းနေတုန်းဖြစ်တယ်။ နဖူးလေးကို နူတ်ခမ်းနဲ့ဖိကပ်နမ်းလိုက်တယ်။မျက်လုံးလေးပင့်ပြီး သူ့ကို ပြန်ကြည့်တယ့်ကျန့်ကျန့် ရဲ့မျက်ဝန်းက အဖြေအတွက် အဆင်သင့်ဖြစ်နေတယ့်ပုံစံ ။

လူနာဘေးနားထိုင်နေတယ့်ကျန့်ကျန့်ရဲ့လက်ကိုအသာတွဲလို့ထိုင်ရတာ သက်သာစေမယ့် ဆိုဖာခုံရှိရာသို့ ခေါ်လာခဲ့လိုက်တယ်။ လူနာက အနားယူရမယ်ဆိုတာကြောင့် တစ်ရက်ဘဲ ဆေးရုံတက်ရသည်ဖြစ်စေ လူနာသက်သာဖို့အတွက် ကြောင့် သီးသန့် တစ်ခန်းကို စီစဉ်ပြီး ထားပေးခဲ့တာဖြစ်တယ်။ ကုန်ကျစရိတ်တွေကိုလည်း သူဘဲ အကုန်ကျ ခံပေးခဲ့တာဖြစ်တယ်။ ကျန့်ကျန့်နဲ့ပတ်သက်တယ့် ဘယ်သူကိုမဆို အကူအညီလိုအပ်ရင် သူကူညီဖို့အသင့်ဘဲ ဖြစ်တယ်။ ဆိုဖာခုံပေါ် ကျန့်ကျန့်ကို ပုခုံးနှစ်ဘက်ကနေ ထိန်းကိုင်ပြီး ထိုင်ခိုင်းစေလိုက်တယ်။ ပြီးနောက် သူပါ ကျန့်ကျန့်ဘေးနား ဝင်ထိုင်လိုက်တယ်။ ကျန့်ကျန့် လက်ဖဝါးနှစ်ဘက်ကို သူ လက်ဖဝါးနှစ်ဖက်ကြားထဲ သွင်းထားပြီး ခပ်ဖွဖွ ဖိထားလိုက်တယ်။

ကိုယ်ရဲ့ စားဖိုမှုးလေး Where stories live. Discover now