At Restaurant
"ကျန့်ကျန့်ရေ ကျန့်ကျန့် ဘယ်ရောက်သွားပါလိမ့် အယ်လိုဘဲ အူကြောင်ကြောင်နဲ့ ဘာကောင်းလေးမှန်း မသိဘူး "
ဆိုင်ရဲ့ chef ပြီးရင် နည်းနည်း ဝါရင့် ကမ္ဘာရင့် စီနီယာ ကျတယ့် ကျင်းရီရဲ့ အသံပြဲ ပြဲ ဖြင့် အော်ခေါ်နေ တယ့် အသံဖြင့် တစ်နေတာ စတင်တယ်။
ဆိုင်မှာ ဝန်ထမ်း ငါးဦး ရှိတယ် သူအပါအဝင် ၊စစ်ကျွေး၊ ကျန်းချန်၊ ဟောက်ရွမ်း၊ယွီပင်း အားလုံး စီနီယာကျတယ် အယ်ထဲက အငယ်လေး ကျန့်ကျန့်က အလုပ်သင် တစ်ယောက်ဖြစ်တယ်။
အလုပ်သင်လည်း ဖြစ်တယ့်အလျောက် သွက်သွက်လပ်လပ် မရှိ မိုင်မိုင်တွေတွေနဲ့ ညဘက်တွေ မအိပ်ဘဲ ဘာတွေ လုပ်နေလဲ မသိ နေ့ဘက်ဆိုရင် အသေငိုက်ပြီခုလည်း ကြည့် နေ့ခင်း လူကျနေပြီဆိုရင် ခိုင်းဖို့ ကို မရှိဘူး
"ကျင်းရီ"
Chef ဝမ်ရိပေါ် အော်ခေါ်လိုက်မှာဘဲ ဒီအသံ ရပ်သွားတော့တယ်။
"ကျင်းရီရယ် မင်းမလဲ စကားတော်တော်များတယ် နားသည်း တယ် ချက်ပြုနေတယ့်အခန်းထဲ စကားမများနဲ့ ပြောတယ်နော် မင်း တံတွေးတွေ စင်ကုန်မယ်"
ရိပေါ်တစိယောက် သူ့ သူငယ်ချင်းကို မနိုင်ဘူး စကားအရမ်းများတာ ပြီးရင် သူဘဲ ကျန့်ကျန့်ရေ ဒီဟာလေး ကူပါအုံး ဘာညာနဲ့
"မင်းကလည်း ဟုတ်လည်း ဟုတ်တယ် တစ်မနက်လုံး မင်းအသံချည်းဘဲ chef မပြောရင် မင်း တိတ်မှာ ဟုတ်တော့ဘူး "
ကျန်းချန် ပါ အစစ် ကူပြီး ပြောပလိုက်တယ် ။
သူတို့အခု ဖွင့်ထားတယ့် ဆိုင်လေးက သူငယ်ချင်းတွေနဲ့ စုပြီး ဖွင့်ထားတယ့် ဆိုင်ဖြစ်တယိ့အတွက် အားလုံးက ပြောမနာ ဆိုမနာတွေ အားနာစရာ တစ်စိုးတစ်စိ မရှိ တစ်ခုတော့ ရှိတယ် ဝမ်ရိပေါ်ရှိရင်တော့ စကားကို ထိန်းပြောရတယ် သူက အသန့်အရမ်းကြိုက်
" ကျန့်ကျန့်က ဘယ်ရောက်နေတာလဲ ကျန်းချန်"
ရိပေါ် ဝင်မေးလိုက်တယ် သူ ပါမှ ဖြစ်တော့မှာလေ သူက ဆိုင်ရဲ့ အကြီးဆုံး တာဝန်အရှိဆုံး လူဖြစ်နေတာလည်း ပါတယ်။
