D Day
ဒီနေ့က ရိပေါ်နဲ့ရှောင်ကျန့်တို့ရဲ့ အချက်ပြုတ်ပြိုင်ပွဲ Final နေ့ ဖြစ်တယ်။ ရိပေါ် ဒီနေ့မှာ သူ့ရဲ့ချစ်ရသူ ကျန့်ကျန့်ကို အတည်အလင်းဖွင့်ပြောမယ့်နေ့လည်းဖြစ်တယ်။
ရိပေါ် ဒီနေ့ ရှောင်ကျန့်ကို ပြိုင်ပွဲ ပြီးတာနဲ့ လူရှင်းတယ့်စားသောက်ဆိုင်ကိုခေါ်မယ် ပြီးရင် သူ့ပြင်ဆင်ထားသလို ကျန့်ကျန့်ကို တရားဝင် ဖွင့်ပြောမယ်လို့ဆုံးဖြတ်ထားတယ်။
မနေ့ညက အပြန် ကုန်တိုက်ထဲ ဝင်ပြီး ရှောင်ကျန့်အတွက်ရယ် သူ့အတွက်ရယ် အဝတ်အစားတွေ ဝယ်ဖြစ်သေးတယ်။ အမှတ်တရ လက်ဆောင်လို့ ရှောင်ကျန့်ကတော့ သတ်မှတ်မယ်ပြောတယ်။ ဒီအတိုင်း ဒီအတိုင်လေး ချစ်ရသူနဲ့ အတူတူ လက်တွဲ ပြီး သွားရတယ့်ခံစားချက်က ရိပေါ် စိတ်ကို နွေးတွေးစေတယ်။
ရိပေါ် ပြိုင်ပွဲကို သွားဖို့ ရေမိုးချိုး ပြင်ဆင်လိုက်တယ်။ မနေ့က ညက ကုန်တိုက်က ဝယ်လာတယ့် အဝတ်အစားကို ဝတ်ဆင်လိုက်တယ်။ ဒီနေ့ couple goal မယ်လို့ ညကတည်းက နှစ်ယောက်သား တိုင်ပင်ကျထားတယ်။ ညတုန်းက ဆိုမှ ညတုန်းက အပြန် အမေ က သူ့ဆီ ဖုန်းအရင် မဆက်သွယ်ဘဲ ရောက်လာလို့ ကားပေါ်က ဆင်းဆင်းခြင်း ကျန့်ကျန့်ကို တစ်ခြားနေရာ ခဏ ခဏလေးသွားဖို့ ပြောရသေးတယ်။ ချစ်ရသူကလည်း သူ့စကားတစ်ခွန်းဆို ဆို သလောက် လက်ခံနားလည်ပေးတယ်။ ရှောင်ထွက်သွားပေးတယ်။ ဒါကြောင့် ဒီနေ့ ကျန့်ကျန့်ကို တရားဝင်ဖွင့်ပြောပြီး အမေတို့် ဆိုင်က သူတွေကို အသိပေးထားရမယ်။သူ့ဆိုင်မှာ ကျန့်ကျန့်နေရတာမသိသေးတယ့်အမေ့ကိုလည်း အသိပေးရာ ရောက်တာလည်းပါတယ်။
ရိပေါ်တစ်ယောက် သီချင်းပေါင်းစုံကိုအော်ညီးကာ အဝတ်စားများကိုဝတ်ဆင်နေလိုက်တယ်။
🎼your are my sunshine
🎼I'm only sunshine🎼ဘေဘီ ရှက်တူတူတူး ဘေဘီ ရှက်တူတူး......
🎼မာမီ ရှက်တူတူတူး ဘေဘီ ရှက် .......ဘေးခြင်းကပ်အခန်းထဲက ရှောင်ကျန့်ကလည်း ရေမိုးချိုး ပြင်ဆင်ပြီး ညတုန်းက ကိုကို ဝယ်ပေးတယ့် အဝတ်စားကို ပျော်ရွှင်စွာဝတ်ဆင်နေလိုက်တယ်။ဒီနေ့က ပြိုင်ပွဲ နောက်ဆုံးနေ့ ဖြစ်တယ် ။ ပြိုင်ပွဲ ပြီးတာနဲ့ ကိုကို့က ညစာလိုက်ကျွေးမယ်ပြောထားတယ်။ ဒါကြောင့် ရှောင်ကျန့် အပျော်ကြီး ပျော်နေမိတယ်။ ညစာလည်းစားရင်ဒိတ်လည်း ဒိတ်ရင်းပေါ့

ВЫ ЧИТАЕТЕ
ကိုယ်ရဲ့ စားဖိုမှုးလေး
Любовные романыအချစ်ဆိုတာ မသိလိုက်ခင်မှာဘဲ ဝင်ရောက်နေရာယူမိသွားတယ်။