At Police.......
"ဒီနေ့ ဘာစားကျမလဲ ဟေ့ "
စုန်လန် အသံကြောင့် နေ့လည် ထမင်းစားချိန် ရောက်လာပြီဆိုတာ အလိုလို သိရတယ် ။ တစ်ဆိတ်ရှိ ဘာစားရကောင်းမလဲ ဆိုတာဘဲ မေးတက်တယ် သူ့ထက် အသက်ရွယ်ကြီးတယ့် သူရဲ့ စီနီယာ တစ်ယောက်ဖြစ်တယ်။
"ဒီ လမ်းထိပ်က စွတ်ပြုတ်ကောင်းတယ်ကြားတယ်စီနီယာ"
ရွယ်ယမ်မှ ဝင်ပြောလိုက်သည်။
"အော်.. အယ်ဒါ ဟိုကောင်လေး အဖေ ဆိုင်မှတ်လား ဝမ်ချောင်"
ဝမ်ချောင် ထို စကားကြားလိုက်ရတော့ ကွန်ပျူတာရိုက်လက်စ လက် ငြိမ့်ကျသွားပြီး မျက်နှာပျက်သွားတယ်။ တစ်ခြားသူတွေကတော့ သူ မျက်နှာပျက်သွားတာကို သတိထားမိပုံ မပေါက်သဖြင့် ကွန်ပျူတာ ဆီမှ အကြည့်ခွာပြီး...
"ဟုတ်တယ် စီနီယာအယ့်ကောင်လေး ဆိုင် ဘာဖြစ်လို့လဲ "
"နေ နေ ဘာမှ ဟုတ်ဘူး အယ့်ကောင်လေး မလာတာကြာလို့ အရင်ကဆို ဒီစခန်းကို ထမင်းလာပို့ရင်နဲ့ကော ဈေးသွားဝယ်ရင်လည်း လှည့်ဝင်နေကျမို့လို့ မေးကြည့်တာ မတွေ့တာတောင်ကြာပြီ "
စုန်လန် ခေါင်းတခါခါနဲ့ ပြောပြီး ရှင်းချန်ဆိုတယ့်ကောင်လေး မလာတာကို မသိဘာသာ နဲ့ ပြီးလိုက်တယ်။
"ဒါဆို နေ့လည်စာ တစ်ခြားသွားစားကျမလား ဒီနေ့လည်း အလုပ်ပါးတယ်ဆိုတော့လေ "
ရွယ်ယမ် အပြောကို ကျွန်တော်နဲ့ စီနီယာတို့လက်ခံလိုက်ပြီး ထမင်းစားဖို့ ပြင်ဆင်လိုက်ကျတယ်။ထမင်းစားဖို့ ထွက်လာခါနီး စီနီယာဆီ ဖုန်းတစ်ခေါ် ဝင်လာသဖြင့် စီနီယာကဖုန်းကိုင်ပြီး သူတို့အနားကနေ ခွာပြီး တစ်ခြားတစ်နေရာမှာ ဖုန်းသွားပြောနေတာဖြစ်တယ့်အတွက် ကျွန်တော်နဲ့ ရွယ်ယမ် ခဏ စောင့်နေပေးလိုက်ရတယ်။
ဖုန်းပြောပြီးပြန်လာတယ့်စီနီယာကို ကျွန်တော်ကဘဲ စပြိး မေးလိုက်တယ်။
"စီနီယာ ဖုန်းက အရေးကြီးကိစ္စလား "
"သြော် ဟုတ်သား မင်းကို ပြောဖို့ ရှိနေတာဘဲ ခယ်မလေး ကို ကားနဲ့တိုက်သွားတယ့် သက်သေ ရှာတွေ့ပြီဆိုပြီး ဖုန်းလှမ်းဆက်လာတာ အယ်ဒါ သူဆီ သွားယူဖို့ချိန်းထားတယ်"