ရှောင်ကျန့် ဟင်းရာ ချက်ပြုတ်ဖို့အတွက် ပထမဦးဆုံး ကြက်အကောင်လိုက်ကို ရေသန့်စင်လိုက်တယ်။ ကိုကို့ကို မီးဖိုပေါ် ကြက်အကောင်လိုက်ကို ပြုတ်ဖို့ အတွက် လိုအပ်တယ့် ရေပမာန ကိုထည့်ပြီး မီးဖိုပေါ်တင်ခိုင်းလိုက်တယ်။ကုလားပဲ အစိမ်းကို ရေစိမ်ခိုင်းထားလိုက်တယ်။ ဆန်အနည်းငယ်ကိုပာ ရေစိမ်ခိုင်းထားလိုက်တယ်။ပဲပင်ပေါက်ကို အစိမ်းလိုက် ရေဆေးထားခိုင်းတယ်။ ရေဆေးထားတယ့် ပဲပင်ပေါက်ကို ထပ်ဝက် လှီးထားစေတယ်။ ရေသန့်စင်ထားတယ့် ကြက်အကောင်ကို ဇလုံထဲ ထည့်စေပြီး အဆင်သင့် ပြုလုပ်ထားတယ့် ဂျင်း၊စံပလင်၊ကြက်သွန်ဖြူ၊ဟင်းခတ်အမွေးကြိုင်ကို ကြက်ရဲ့ ဖင်ပေါက်ထဲကနေ ထည့်စေလိုက်တယ်။ နောက်ပြီး မီးဖိုပေါ်က ရေနွေး ထဲကို ထည့်ပြီး ပြုတ်ထားစေလိုက်တယ်။ ထမင်းအနည်းငယ်ကို ပေါင်းအိုးနဲ့ ပေါင်းထားစေလိုက်တယ်။
ရှောင်ကျန့် ကြက်သွန်မြိတ် တစ်ချောင်းစီးရဲ့ ထိပ်ပိုင်းတွေကို ဖြတ်တောက်လိုက်တယ် ။အပေါ်ပိုင်း အစိမ်းရောင် ကြက်သွန်မြိတ်အချောင်းလေးတွေကို ဖယ်ထားလိုက်တယ်။ ကျန်တယ့်တစ်ဝက်ကို အနေတော်အပိုင်းသေးသေးလေးတွေ လှီးဖြတ်စေလိုက်တယ်။လှီးပြီးသား များကို ပန်းကန်တစ်ခုထဲ ထည့်ထားလိုက်တယ်။
ကြက်သားအနည်းငယ်ကိုလည်း သေးသေးလေးတွေ တုံးစေပြ်ီး ဆီအနည်းငယ်နဲ့ကြော်ထားလိုက်တယ်။
ရေစိမ်ထားတယ့် ကုလားပဲ အစိမ်းရောင်ကို ကျိတ်စက်ထဲ ထည့်လိုက်တယ်။ ဆန်အနည်းငယ်ရေစိမ်ထားတာကိုပါ ထည့်လိုက်တယ်။လိုအပ်တယ့်ဟင်းခတ်တွေထည့်လိုက်တယ်။ ပြီးတာနဲ့ ကျိတ်လိုက်တယ်။ရလာတယ့်မုန့်နှစ်ကို ခွက်ထဲ ထည့်ထားလိုက်တယ်။ တစ်ဖက်ကနေ လည်း ကြက်ပြုတ်က အနေတော်ဖြစ်နေပြီအရသာလည်းအနေတော်ရှိသလောက်ဖြစ်နေပြီ။အသားလည်း နူးညံနေပြီ ထမင်းပေါင်းတာလည်းအဆင်သင့်ဖြစ်နေပြီဖြစ်တယ်။
ကြက်သားပြုတ်ကို ဟင်းထည့်တယ့် ခွက်အလှထဲကို ထည့်စေတယ်။ ထမင်းကို မို့မို့လေး ခူးထည့်ထားလိုက်တယ်။
ချက်ပြုတ်ဖို့်ပေးထားတယ့် အချိန်ကလည်း ပြည့်ဖို့ အနည်းငယ်သာလိုတော့တယ်။