41

3.5K 135 46
                                    

ရိပေါ် အခန်းထဲ ရောက်တာနဲ့ရေ ချိုးခန်းထဲ ဝင်ပြီး ရေဝအောင် ချိုးလိုက်တယ် ။ သူတစ်ကိုယ်လုံးညစ်ပတ်နေတယ်မဟုတ်လား ကျန့်ကျန့်နဲ့ အတူတူနေပြီး ကျန့်ကျန့်ကိုသူပိုချစ်သွားရတယ်။ သူ့အတွက်ဆိုရင် ကျန့်ကျန့်က အရာရာ ဖြည့်စည်းပေးတက်တယ်။ ခေါင်းပေါ်ကနေ တစ်ကိုယ်လုံးပေါ်ရေစက်တစ်ချို့ ကျရောက်လာခဲ့တယ်။ ရေရဲ့အေးမြမှုကိုခံစားလိုက်ရတယ် ရေပေါက်တစ်ချို့က သူကိုယ်ပေါ်ကနေ သူ ရဲ့ ညီငယ်ဆီ ကျဆင်းသွားတယ့်အခါမှာ ကျန့်ကျန့်နဲ့နေခဲ့တယ် မြင်ကွင်းတစ်ကွက်စ နှစ်ကွက်စ မျက်လုံးထဲ မြင်ယောင်လာတယ် နူတ်ခမ်းကို တစ်ခြမ်းသို့ ပင့်တင့်အပြုံးဖြင့် သဘောကျစွာ ရီမိတယ် နေရာတိုင်းအရာတိုင်းက ကျန့်ကျန့်ပါဝင်နေခဲ့တယ် အယ်လောက်ထိ ကျန့်ကျန့်ပေါ်ကို သူ မြတ်နိုး တွယ်တာချစ်ခင်နှစ်သက်မိတယ်။ရေကို ဝအောင် ချိုးပြီးတာနဲ့ အခန်းအပြင်ဘက် ထွက်လာခဲ့လိုက်တယ် ။ ဒီနေ့ ညကျရင် ကျန့်ကျန့်နဲ့အတူ ညစာ စားမယ် ပြီးရင် စောင့်နေခိုင်းထားတယ့်အတွက် တောင်းပန်ရအုံးမယ်လေ ချစ်ရသူက သဘောထားပြည့်ဝသူဖြစ်ပေမယ့်လည်း သူ့ဘက်က ပျက်ကွက်ခဲ့တယ့်အရာအတွက် သူ တောင်းပန်ရမယ်မလား ။ ပြီးတော့ အလုပ်ကိစ္စနဲ့ဆိုင်ဘက်ကိုလည်း သူ ပြစ်ထားမိတာလည်းရှိသေးတယ့်အတွက် သူ့တပည့်တွေ တစ်ဖြစ် သူ့သူငယ်ချင်းတွေကိုလည်း တစ်ဝိုင်း ပြုစုရအုံးမယ်။ စိတ်ထဲအတွေးပေါင်းစုံဖြင့် ဝတ်စုံဝတ်ဆင် ပြီးတာနဲ့ ဆိုင်အောက်ကို သူ ဆင်းလာခဲ့လိုက်တယ်။

အောက်ထပ်ကို ရောက်တာနဲ့ တပည့်တွေက ပြုံးစစနဲ့ ကြည့်လာခဲ့တယ်။ အနေတည်တယ့်သူ့အကြောင်းသိတယ့် ငယ်ပေါင်းတွေ ဖြစ်တယ့်အတွက် သူ မျက်နှာကို လိုတာထက် ပိုတည်လိုက်တာနဲ့ ပြုံးစစမျက်နှာတွေလည်း ပြောင်းသွားကျတယ်။

"အားလုံးကို ကျေးဇူးတင်တယ်"

သူ မီးဖိုဆောင်နားကိုရောက်တာနဲ့ တပည့်တွေကို ကျေးဇူးတင်စကား ဆိုလိုက်တယ်။ အားလုံး အံသြသော်မျက်ဝန်းများနဲ့ သူကို ငေးကြည့်လာကျတယ်။ ဟုတ်တယ် သူက တော်ယုံ ဘယ်သူကိုမှ ကျေးဇူးတင်စကား ပြောဘူးခဲ့တာမဟုတ်ဘုး နှစ်ဦးနှစ်ဖက် အတူတူအလုပ်လုပ်နေရမှာ သူ့အကျိုး ကိုယ့်အကျိုးဖြည့်စွက်ပြီး တစ်ယောက် အကူအညီ တစ်ယောက်ယူနေတယ်ဘဲ မှတ်ထားတယ့်သူ့အတွက် လူတိုင်းကို ကျေးဇူးတင်စကားမပြောဖြစ်တာဖြစ်မယ်။ သူ့ ချစ်ရသူ ကျန့်ကျန့်ကတော့ သူလို မဟုတ်ဘူး လူတိုင်းကို ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် အမြဲပြောခဲ့တယ်။ မေးမိခဲ့ရင်လည်း သူ တို့ဘာသာ ကိုယ်ကို ကူညီသည်ဖြစ်စေ ကိုယ်ကဘဲ တစ်ခြားသူကို ကူညီသည်ဖြစ်စေ ထိုသူတွေက ကျေးဇူးတင်ထိုက်ခံသင့်တယ့်သူတွေတယ့် ကိုယ့်ကို ကူညီတယ့်သူကလည်း ကိုယ်အခက်အခဲ ဖြစ်နေရင် ကူညီတယ့်အတွက် ကိုယ့်ရဲ့ ကျေးဇူးတင်ပါတယ် ဆိုတာကို လက်ခံထိုက်တယ်။ ကိုယ်ကူညီပေးလိုက်တယ့်အတွက် သူက ကိုယ့်ကို ကျေးဇူးတင်တယ် ကိုယ်က ပြန်ကျေးဇူးတင်တယ် ဒါက ဘယ်လိုလဲဆိုတော့ ကိုယ်ကူည်ီချင်တာတောင် ကိုယ့်ရဲ့အကူအညီကို ယူမယ်သူ ရှိအုံးမှဖြစ်မယ် ဒါကြောင့် ကိုယ့်ရဲ့တစ်ခြားသူကို ကူညီပေးမူကလည်း ကိုယ်တိုင်ကျေးဇူး တင်ခံသင့်တယ်။ နေ့တစ်ကိုလူကော စိတ်ရော ကိုယ်ကော အပင်ပန်းခံပေးတယ့် ကိုယ်ကိုတိုင်ကိုလည်း အိပ်ရာ ဝင် ခါနီးအနား ယူခါနီး ကိုယ် ပုခုံးကို ပုတ်လို့ ဒီနေ့တော့ပင်ပန်းသွားခဲ့ပြီးကျေးဇူးတင်ပါတယ်တစ်နေ့တာလုံးအတွက် အယ်လိုလည်းပြောသင့်ကြောင်းချစ်ရသူက ပြောပြခဲ့တယ်။ ထိုအတွက်ကြောင့် သူ ဆိုင်မှာ ပျက်ကွက်ခဲ့တယ့်ရက်တွေအတွက် သူ့တပည့်တွေ ကျေးဇူးတင်စကားပြောသင့်တယ့်အတွက် သူ ပြောလိုက်တယ်။ ထူးဆန်းစွာအကြည့်ခံနေရတယ်။

You've reached the end of published parts.

⏰ Last updated: Aug 27, 2020 ⏰

Add this story to your Library to get notified about new parts!

ကိုယ်ရဲ့ စားဖိုမှုးလေး Where stories live. Discover now