knock..knock
"chef ကျန့်ကျန့် ဝင်လာခဲ့မယ်နော်"
"chef... chef"
တစ်ခါပြောလည်း မထူး chef အိပ်ပျော်နေတာများလား
တံခါးလေးကို ဖွင့်လို့ chef စားဖို့သောက်ဖို့ လင်ဗန်းလေး ကိုင်ပြီး ဝင်လာခဲ့တယ်
တွေ့ပါပြီ chef ကို မွေ့ယာပေါ်မှာ........
ရိပေါ်အိပ်ပျော်နေတယ်ထင်ပါရဲ့ သူ တက်လာတာတောင်မသိဘူး
ရှောင်ကျန့် အပေါ်ကို ခြေလေးဖွပြီး တက်လာခဲ့တယ် ရိပေါ် နိုးသွားမှာ စိုးသောကြောင့်
စားပွဲ ပေါ် လင်ဗန်းလေးချပြီး ရိပေါ်ဘေးနားမှာ ကပ်ထိုင်လိုက်တယ်။ အိပ်ပျော်နေတယ့် ရိပေါ်မျက်နှာကိုအသေးစိပ် ကြည့်မိတယ်။ မျက်ခုံးလေးကို လက်လေးနဲ့သူဘာသာ စိတ်ခိုင်းစေချက်အတိုင်းဖြေးဖြေးလေး ထိမိလိုက်တယ်။နှာတံလေးကို လက်ညိုးလေးနဲ့ အသာယာတို့မိလိုက်တယ်။ နောက်ပြီး နူတ်ခမ်းလေးကို လက်မလေးနဲ့ထိမယ်အလုပ်
"ငါ ရင်တွေ ခုန်နေပါလား "
"ရင်ခုန်မှာပေါ့ ရင်မခုန်သေ သွားမှာပေါ့ ဟုတ်တယ်"
တစ်ယောက်တည်းတစ်ယောက်တည်း ဖြေလိုက် ပြောလိုက် ဖြစ်နေတယ်ရှောင်ကျန့်တစ်ယောက် ရိပေါ် နိုးလာမှ အတွေးတွေ ရပ်တန့်သွားတယ်။
"ဟင် ရှောင်ကျန့် အခန်းထဲ ဘယ်လို ရောက်လာတာလဲ "
"ခြေထောက်နဲ့ တက်လာတာလေ chef ရဲ"
သူ့ခြေထောက်ကို သူ ထိုးပြပြီး ဖြေလိုက်တယ်
"ခြေထောက်နဲ့ မလာလို့ ခေါင်းနဲ့ လာမလား ကိုယ်မေးတာက အလုပ်ချိန်ကို ဘာလို လာတာလဲ မေးတာ"
"အယ်လို ရှင်းရှင်းမေးပါလား ဒီက ရိုးသားတယ် "
"ရိုးသားတာ မသားတာ အသာထား မင်း အရင်က ကိုယ့်ကို အယ်လို တစ်ခွန်းမကျန် မပြောဘူးပါဘူး "
ဟုတ်ပါတယ် အရင် ရှောင်ကျန့်ဆိုရင် သူကို ဒီလို့ မျက်နှာကို ကြည့်ပြီး ပြနိပြောဖို့ မဆိုသာ ခြေထောက်ကိုပေါက်မတက် ငုတ်ကြည့်ပြီး အင်း အဲ လောက်သာ လုပ်တက်တယ့်သူပါ
![](https://img.wattpad.com/cover/216828205-288-k506252.jpg)