ရိပေါ် ဝိုင်းကို ရောက်တာနဲ့
"ဟျောင် ကြာလိုက်တာ ကွာ "
ကြိုရောက်နေပြီဖြစ်တယ့် ရီရှင်း အသံကို အရင်ဆုံး ကြားလိုက်ရတယ်။
"ထွက်လာတာတော့ စောတယ်ကွာ လမ်းမှာ ကားပိတ်နေလို့ ကြာသွားတာ"
"မျန်မျန် ကော ဘယ်နေ့က ပြန်ရောက် ပြန်သွားရအုံးမှာလား "
"ဟင့်အင့် အလုပ်က ဒီကို ပြောင်းရွေ့အမိန့် ထုတ်လိုက်တယ် နောက်တစ်ခုက ဒီကလည်း ကိုယ့်မွေးရပ်ဖြစ်တော့ ဒီကိုဘဲ အပြီး ပြောင်းလာလိုက်တာ ရိပေါ်"
"နင်ကော ကောင်မလေး ရနေပြီလား"
"ဒီကောင်လား ကောင်မလေး ရမယ် မျန်မျန်ရယ် ဆိုင်နဲ့ သူမှာ အားကို မအားဘူး အခုတောင် နင် ပြန်ရောက်လာလို့ တွေ့မယ်ဆိုလို့သာ ထွက်လာတာ ဒီကောင်ကြီးက တစ်လတစ်ခါ ကျောင်းသားဟောင်းတွေ့ဆုံပွဲ တောင် ရောက်လာတာမဟုတ်ဘူး"
သူပြောမယ့် စကားကို ရီရှင်းက ဝင်ပြောလိုက်တော့ သူမှာ ပြုံးပြုံးနဲ့ဘဲ မျန်မျန် ကို ခေါင်းညိတ်ပြလိုက်တယ် ။
မျန် မျန် ချောလှလာပြီး ကြည့်ကောင်းလာတော့ အမှန် အခုလည်း ရီရှင်းပြောတာကို ခေါင်းလေးငြိမ့် ပြီး နားထောင်နေပုံက တစ်ခြားသူသာဆိုရင် မျန်မျန် ကို သဘောကျမိမှာအမှန် ဘဲ
"ဟျောင့် ရိပေါ် မင်းစားသောက်ဆိုင်ကို ကြော်ငြာပါလား မျန်မျန်က ကြော်ငြာ ဌာနမှာ အယ်ဒီတာ ဆိုတော့ သူ့အကူည်ီ ယူပြိး ကြော်ငြာပါလား "
"မလိုပါဘူးကွာ နံမည်လည်း မကြီးလည်း ရတယ် ငါ့ဆိုင်က အယ်လို လုပ်ပြီး နံမည် မကြီးလည်း ဖြစ်တယ်ဆိုင်ပါ မလုပ်ချင်ပါဘူးကွာ"
"ဟုတ်သားဘဲ ရိပေါ်ကလည်း သူငယ်ချင်းအချင်းချင်းဘဲ အရမ်းလည်း အလုပ်မရူပ်စေရဘူးလေ နင်လည်း ရူပ်ရူပ်ခတ်ခတ် မကြိုက်တာ ငါလည်း သိတယ်လေ ရိုးရိုးရှင်းရှင်းလေးဘဲ နင်လုပ်တယ့် ဟင်းလျာလေးတွေကို Indoor ဘဲ photoshot ပြီး ငါ့တို့ page ကနေ ကြော်ငြာပေးမယ်လေ နင် ဘာမှ ပါဝင်ပြီး လုပ်စရာမလိုဘူးလေ ငါဘဲ အားလုံး ကြည့်လုပ်ပေးမှာလေ တစ်ခုဘဲ နင်ကတော့ ဟင်းပွဲ ပြင်ပေးပေါ့ မကောင်းဘူးလား"
![](https://img.wattpad.com/cover/216828205-288-k506252.jpg)