16

2.1K 186 7
                                    

ရိပေါ်တို့ဆိုင်လေး လူလည်း တော်တော်ကျဲ သွားပြီ ဒီနေ့ တစ်နေ့လုံးလည်း ပင်ပန်းသွားကျရပြန်ပြီ။ညနေခင်းအချိန်ကိုလည်းတစ်ဖြေးဖြေး ကူးပြောင်းလာပြီး အပြင်မှာ မှောင်ရိပ်လည်း သမ်းလာနေပြီဖြစ်သည်။

"အမ ယောက်ဖ မလာသေးဘူးလား "

"အေးဟယ် မနက်က အိမ်က ထွက်တော့ ဒီနေ့ စခန်းမှာ အလုပ်ပါးတယ်ပြောတယ် "

"ဖုန်းဆက်ကြည့်ပါလား အမ လည်း ပင်ပန်းနေပြီ နားရအောင်လေ "

"အေး အေး "

တူ ~တူ ~

တစ်ဘက် ဆီ ဖုန်းcall ဝင်သွားပြီ

"Hello လီလီ "

"ကိုဝမ် မလာသေးလို့ ဖုန်းဆက်လိုက်တာ ရိပေါ်တို့လည်း ဆိုင်လူပါးနေပြီ ဆိုတော့လေ "

"လာနေပြီ လီလီ ခဏလေး စောင့်နော် လာခါနီးမှ ရပ်ကွက်က ကလေး ပျောက်လာတိုင်လို့ ကူရှာပေးနေရင်း နောက်ကျနေတာ "

"ဟုတ်ကဲ့ ရတယ် ကိုဝမ် ဖြေးဖြေးလာ ခဲ့နော်"

ဖုန်းအပြန်အလှန်ပြောဆိုပြီး ဖုန်းကို အိတ်ထဲ သိမ်းလိုက်တယ်။

ရိပေါ် က ဘာထူးလဲ ပုံစံဖြင့် မေးဂေါ့ပြပြိး မေးလိုက်တယ်။

"လာနေပြီ ပြောတယ် ရိပေါ် ကလေး ပျောက် ရှာပေးနေလို့ နောက်ကျနေတယ်ပြောတယ် "

ရိပေါ် သိတယ်ဆိုတယ့်သဘောဖြင့် ခေါင်းညိတ်ပြလိုက်တယ်။

သူ့ယောက်ဖက အယ့်အတိုင်းဘဲ အများကို ကူညီရင် ထမင်းမေ့ဟင်းမေ့ စခန်းမှာ သူတစ်ယောက်တည်း ကူညီမယ့်သူရှိတာကျနေတာဘဲ

တံခါးဖွင့်သံ ကြားသဖြင့် ဆိုင်ပေါက်ဝကို ရိပေါ် လှမ်းကြည့်လိုက်တယ်။

ဝဝဖိုင်းဖိုင်း အမျိုး သမီး တစ်ဦး ကိုယ်ပေါ်မှာလည်း နီနီ အိတ်ကြီးကို မလိုက်ဖက်စွာ လွယ်ထားတယ် ။ ခေါင်းပေါ်က ဆံပင်ကလည်း ခပ်ပွပွဖြစ်နေတယ် မျက်နှာ ပေါ်မှာလည်း ပါးနီကိုရဲနေအောင် ခြယ်သထားတယ်။

"ဟို အန်တီ ညနေစာ အတွက်က ကုန်ပါပြီ မနက်ဖြန်မှ စောစော လာပေးပါလား ဗျ"

စစ်ကျွေး ထို အမျိုးသမီးကို ပြောနေတာလည်း ရိပေါ် ကြည့်နေလိုက်သည်။

ကိုယ်ရဲ့ စားဖိုမှုးလေး Donde viven las historias. Descúbrelo ahora