Yi bo home
ဒီ သားလေး တစ်ယောက်ရှိပါတယ် အခုထိ လူပြိုကြီး ဖြစ်နေတုန်း အလုပ်လည်း အတိအကျ ဖြစ်နေပြီဘဲ ဘာတွေ ထွက်ချက်နေလဲ မသိပါဘူး မဖြစ်သေးပါဘူး မနက်ဖြန် အသိ နတ်ဆရာမနဲ့ သွားတွေ့ပြီး အဆောင်လေး ဘာလေး လုပ်ပေးအုံးမှာပါ။
ဧည့်ခန်း ဆိုဖာပေါ်တွင် တစ်ယောက်တည်း အတွေးများနေစဉ်
အခန်းတံခါး ဖွင်သံကြားလို့ လှည့်ကြည့်လိုက်တယ်။"အော် သားတောင် ပြန်ရောက်ပြီလား "
"ဟုတ်အမေ လီလီကော "
"အခန်းထဲ မှာ ထင်တယ်သား "
"အော် ကိုတောင် ပြန်လာပြီလား လီလီက စခန်းမှာ နောက်ကျမယ်ထင်နေတာ"
ဝှီးချဲ လေးကိုသူဘာသာ တွန်းပြီး အခန်းထဲက ထွက်လာတယ့်သူ အိမ်သူ သက်ထားလေး
ရိပေါ်ရဲ့ အမ
ရိပေါ်မှာက အမေရယ် အမရယ် ဘဲ ကျန်တော့တယ် အဖေက ငယ်စဉ်ကတည်းက ဆုံးသွားရှာတာ အမကလည်း ကြောက်စရာ ထိပ်လန့်စရာနဲ့ ကြုံရပြီအကျင်မကောင်းတယ့် ကားသမားကြောင့် ဒုက္ခိတ ဘဝကိုရောက်ရတယ်။
"ဟုတ်တယ် လီလီ ဒီနေ့ အမှုတွေ လည်း မတက် တော့ စောစောပြန်လာတာ"
ရှေ့က ရဲ ယူနီဖောင်း အပြည့်အစုံနဲ့အလုပ်ပင်ပန်းတာတောငိ ချောမောမူက မပျောက် ကြည့်ကောင်းတယ်လ သူ့အိမ်ထောင်ဦးစီး
ရိပေါ်ယောက်ဖ
ရိပေါ် ယောက်ဖက ရိပေါ်တို့ နေတယ့် ရပ်ကွက် တစ်ခုက အငယ်တန်း ရဲ သားတစ်ဦးဖြစ်တယ်။ တည်ကြည်တယ် သဘောကောင်းတယ် စိတ်ကောင်းရှိတယ်။ သူတစ်ပါးကို ကူညီပေးတက်တယ်ဆိုပြီး ရပ်ကွက်က လူတိုင်းရဲ့ ပါးစပ်ဖျားမှာ အမည်ကြီးတယ်။
"ဒါဆို ကိုယ်အခန်းထဲ သွားပြီး အဝတ်အစားလဲ ပြီး ရေမိုးချိုးလိုက်အုံးမယ်"
ပြောပြီးအခန်းထဲ ဝင်သွားတယ့် သူကို မျက်စိတစ်ဆုံး လျုက်ကြည့်မိတယ်။ သူအားနာရတယ် သူကို ဒုက္ခိတ လူမျိုးကို ချစ်ပေးပြီး နားလည်ပေးတက်တယိ့သူ တစ်ခြားသူဆို သူကို သု့ယောက်ကျားလောက်ကောင်းပေးနိုင်ပမလား ။ သူကို အခု လို ဒီလိုဖြစ်အောင်လုပ်တယ့်သူကိုလည်း သူက ကူရှာပေးနေသေးတာ။