ရှောင်ကျန့် နောက်ဖေး ဘက်ကနေ အပြင်ကို ထွက်လာခဲ့လိုက်တယ်။
"ဟူး တော်သေး ဆရာမ သတိမထားမိလို့ "
ဆရာမသာ ရှောင်ကျန့် ကိုယ်ထဲ ရောက်နေတာ သိရင် ရိပေါ် အမေလည်း သိသွားမယ် ရိပေါ်အမေ သိရင် ရိပေါ်လည်း သိသွားလိမ့်မယ်။ သိသွားတာ အကြောင်းမဟုတ်ပေမယ့် သူကိစ္စရဲ့ အဖြစ်မှန် မသိသေးဘဲနဲ့တော့ သူ တစ်ခြားဘဝကို ကူးဖို့ စိတ်ကူးမရှိတာလည်းပါတယ် ။
ရှောင်ကျန့် ကိုယ်ထဲမှာရှိနေတယ့် ရှင်းချန် လည်း ဖြစ်တယ့်ကောင်လေး သု့အဖေရှိတယ့် ဆိုင်ကိုရောက်ရှိသွားသည်။
(ဒီနေရာက ကိုယ်ပြောပြချင်တာက ရှောင်ကျန့်မဟုတ်ဘဲ ရှင်းချန် ပါ ရှင်းချန်ရဲ့ စိတ်ဘဲ ရှောင်ကျန့်ကိုယ်ထဲ ရှိနေတာပါ ဝင်ပူးထားတယ့်သဘောမျိုးပါ ရှောင်ကျန့် ဘာမှ မသိတယ့် သဘောမျိုးပါ )
ဆိုင်ရှေ့ရောက်ရောက်ချင်း အဖေ့ကို တွေ့လိုက်ရတယ် ။
အဖေ လို့ အားရပါးရ ခေါ်ပြီး ပွေ့ဖတ်ချင်ပေမယ့်လည်း တစ်ကယ်တည်း အဖေ့သားက သူပါလို့ ပြောချင်ပေမယ့်လည်း မယုံမှာလည်းကြောက်မိတယ်။ ယုံကြည်ဖို့လည်းခက်ခဲတယ်လေ ။ ဒါကြောင့် စိတ်ထဲမှာ အဖေ့ကို ခေါ်နေပေမယ့်လ် လက်တွေ့မှာတော့
"ဦးလေး ကျွန်တော် ထပ်လာတယ် "
အသံကြားရာ ကြည့်လိုက်မိတယ် ။ တခဏတော့ သူ့သားလေးကို သတိရသွားတယ်။ သားလေးလည်း အပြင်က ပြန်လာရင် အခုလိုဘဲ ဆိုင်ထဲ မဝင်ခင် အပြင်ကနေ ပြန်ရာက်ပါပြီ ပြောပြီးမှ ဆိုင်ထဲ ဝင်နေကျ ။
"ကောင်လေး မိုးလည်းချုပ်တော့မယ် အလုပ်ပြီးရင် ပြန်နားပါလား ဒီကို ထပ်လာတယ်"
"သတိရလို့ ဦးလေးရဲ့ ကျန့်ကျန့်က "
ဆိုပြီး ဆိုင်ထဲကို ဝင်လာတယ့်ရှောင်ကျန့်။
ခလေးငယ် တစ်ယောက် အဖေ့ပေါ်ကို ချွဲ ပြစ်ပြီး ခေါ်တယ့်အသံမျိုးနဲ့ ပြောလာတယ့် ကောင်လေးကို ဦးလေးက အပြုံးနဲ့ ခေါင်းလေးကို ပွပွလေး ပုတ်ပေးလိုက်တယ်။
"ညစာကော စားပြီးပြီးလား ဦးလေး "
"စားရသေးဘူး ဒီနေ့ ဈေးဆိုင်လေးက နည်းနည်းလူကျလို့လေ ကောင်လေး "
