ရှောင်ကျန့် ဆိုင်တွင်းသန့်ရှင်းရေးကို အလျင်အမြန် လုပ်ကိုင်နေလိုက်တယ်။ ညကျရင် chef က သူကို စောင့်နေလို့မှာခဲ့တာမလား chef ရဲ့ စကားကို နားထောင်ဖို့ အတွေးဆိုးတွေ ကို ဖယ်ထုတ်လိုက်ပြီး လုပ်စရာရှိတာ ရှင်းစရာရှိတာများကို မြန်မြန်ရှင်းလင်းလိုက်တယ်။
အလုပ်ကို မြန်မြန်ဆန်ဆန်နဲ့ လုပ်ကိုင်နေတယ့် ကျန့်ကျန့်ကို ကြည့်ပြီး ကျန်းချန် စိတ်မကောင်းဖြစ်နေတယ်။ ကျန့်ကျန့်က ဆိုင်ထဲက လူတွေအထဲမှာ အငယ်ဆုံးလေး အအေးဆုံးလေးဖြစ်တယ်။ ကျန့်ကျန့်က အခုနောက်ပိုင်း အရင်ကနဲ့ မတူတော့ဘဲ အရင်က လူတိုင်းကို ကြောက်လန့်နေတယ့် ပုံစံ ပျောက်ကွယ်ပြီး ရဲတင်းတယ့်ပုံစံလေး ပေါက်လာခဲ့တယ်။ ကျနမ့ကျန့် ဆိုင်ကို ရောက်ပြီး အလုပ်လုပ်ပြီဆိုကတည်းက ကျန့်ကျန့် သူကို ဂရုစိုက်ရအောင် သူရှိတယ်ဆိုတာ သိရအောင်ကျန့်ကျန့် အလုပ်ကောင်းကောင်းလုပ်သည့်တိုင်အောင် ဆူလိုက်တာမျိုး တစ်ခြား သူငယ်ချင်းကောင်လေးတွေနဲ့ အတူတူ စကားပြောရင် စိတ်က အလိုလို တိုလာတာမျိုး သူငယ်ချင်းကောင်လေးတွေကလည်း သူသူငယ်ချင်းတွေလည်းဖြစ်တယ်။တုန်နှိ ဘာဝေ အူတူတူပုံစံလေးနဲ့ ကျန့်ကျန့်က သူ့မျက်စိထဲ ကာကွယ်ပေးချင်တယ့် လူတစ်ယောက်ဖြစ်လာခဲ့တယ်။ ဟင်းချက်တာ ဝိုင်းကူညီတာ တော်တည်ဖြစ်စေ သူက ဘုကနဲ့ ပြောဖြစ်ခဲ့တာမျိုး ဒါပေမယ့် စိတ်ထဲ မှာတော့ တော်ကြောင်း ခဏခဏ ပြောမိတယ်။ တစ်ဖတ်သက် ချစ်ခဲ့ရမလားဆိုရမယ် ကျန့်ကျန့် ပြုံးပျော်ပီး ရယ်မောနေရင် သူပါ လိုက်ပြီး ရယ်မောမိတာမျိုး ကျန့်ကျန့်ကိုအရိပ်တစ်ကြည့်ကြည့်နဲ့ ကြည့်နေခဲ့မိတယ်။ ဖာသိဖာသာနဲ့ နေတက်တယ့် ကျန့်ကျန့်က သူ့ သူငယ်ချင်း ရိပေါ်နဲ့ ချစ်ကြိုက်သွားမယ်လို မထင်ထားမိတာလည်းပါမယ် ကျန့်ကျန့် လို အနေအေးပြီး လးတွေနဲ့ အရောတဝင် မနေတက်ဘဲ အမြဲ ကြောက်လန့်နေခဲ့ရတယ့် ကျန့်ကျန့်ကို ရိပေါ် သဘောကျ ချစ်နေမိမယ်မှန်း တစ်ကယ် မတွေးထားတာပါ။ ရိပေါ်ရဲ့ မိသားစု အေုခအနေကို သိထားတယ့် သူ့အတွက် ရိပေါ် အချစ်ရေးကို စိတ်မဝင်စားလောက်ဘူးလို့လည်း ထင်မိတယ်။ သူငယ်ချင်းမလေးဖြစ်တယ့် မျန်မျန်ကလည်း ရိပေါ် ကို သဘောကျနေတာလည်း သိတယ် ရိပေါ် မျန်မျန်ကို ရွေးချယ်လိမ့်မယ်လို့ သူထင်ခဲ့တာ မှားသွားခဲ့တယ်။ ရိပေါ် ကျန့်ကျန့်ကို ချစ်နေမိပြီး ရိပေါ် ကျန့်ကျန့်အပေါ် ကို ဘယ်လို စိတ်ထား ထားပြီး ဂရုစိုက်တာတွေ မျန်မျန်နဲ့ ယှဉ်ရင်တောင် ကျန့်ကျန့်ကို ဦးစားပေးခဲ့တာတွေ အရင် ရိပေါ်က အလုပ်နဲ့ ဆိုင်နဲ့ သူ့အစားအသောက်တွေကိုသာ စိတ်ရောက်နေတယ့်သူ အမြဲ သွေးအေးပြီး အနေ တည်တယ့်သူ တစ်ခြားသူ အတွက် အချိန်ပေးပြီး စဉ်းစားပေးမယ်လို့ လုံးဝ မထင်ထားခဲ့တာပါ ။ အခုတော့ ရိပေါ်နဲ့ ကျန့်ကျန့်က တစ်ယောက်ကို တစ်ယောက် မျက်စိအောက်က ပျောက် မတက် တစ်ယောက်နဲ့ တစ်ယောက် အကြည့်တွေ ဖလှယ်ရင်း ချစ်နေကျတာ တွေ့ရတယ်။ ကျန့်ကျန့်လည်း ပျော်ရွှင်နေသလိုသူ့သူငယ်ချင်း ရိပေါ်လည်း အရင်နဲ့ မတူဘဲ နွေးထွေးလာပြီး ဆက်ဆံရတာလည်း အဆင်ပြေလာခဲ့တယ်။ ထို သို့ ရိပေါ် ပြောင်းလဲ သွားတာက ကျန့်ကျန့်ကြောင့်ဆိုတာ သူအပါအဝင် တစ်ခြားသူတွေပါ သိကျတယ်။ ဒါကြောင့်လည်း သူ့ရဲ့ စိတ်ခံစားချက်တွေကို ဖုံးကွယ် ထားပြီး တစ်ဖတ်သတ်နဲ့သာ ချစ်နေခဲ့တယ်။ သို့သော် ကျန့်ကျန့် က ရိပေါ် ကြောင့် စိတ်ဆင်းရဲ ခဲ့ရရင် သူ့ရဲ့ တစ်ဖတ်သက် အချစ်ကို ဖွင့်ဟာပြောဆိုပြီး ကျန့်ကျန့် စိတ်ချမ်းသာ ပျော်ရွှင်အောင်လုက်ပေးဖို့ သူဘာသာ တစ်ယောက်တည်း ဆုံးဖြတ်ချက် ချထားတယ်။