နောက်တစ်နေ့မနက်ခင်းတွင် ဆေးရုံကုတင်ပေါ်က ရှင်းချန် အဖေ နိုးလာခဲ့တယ်။နိုးနိုးချင်း မျက်လုံးကို အသာဖွင့်လို်က်တာနဲ့ မျက်နှာကျက် ဖြူဖြူကို စပြီး မြင်လိုက်ရတယ်။ခေါင်းကိုစောင်းငဲ့လို့အခန်းတစ်ခန်းလုံးကို ဝေ့ကြည့်လိုက်တော့တစ်နေရာအရောက် လူနာစောင့်ရင် နားလို့ရမယ့် နှစ်ယောက် ခုံ ဆိုဖာခုံတစ်ခုံပေါ်တွင် တစ်ယောက်ကို တစ်ယောက်ကိုတ်တင်းကျပ်စွာဖတ် တွယ်ပြီးအိပ်ပျော်နေကျတယ့် ကောင်လေးနှစ်ယောက်ကို တွေ့လိုက်ရတယ်။အခန်းက သီးသန့်အခန်းထင်တယ် တိတ်ဆိတ်ပြီး သူရယ် ကောင်လေးနှစ်ယောက်ရယ်သာရှိတယ်။ထိုကောင်လေး နှစ်ယောက်အနက်နူတ်ခမ်းအောက်က မှဲ့နက်လေးပါတယ့် ကောင်လေးကခမ်ချောချော ကောင်လေးတစ်ယောက်ရဲ့ ရင်ခွင်ထဲ တွင် အိပ်မောကျနေတယ်။ထိုမှဲ့နက်လေးနဲ့ ကောင်လေးက သူဆိုင်ကို လာနေကျ ကောင်လေး တစ်ယောက်ဖြစ်တယ်။ထိုကောင်လေးကို တစ်ခြားခပ်ချောချော ကောင်လေး တစ်ယောက်က တစ်ကိုယ်လုံးကို လွတ်သွားမတက် ရင်ခွင်ထဲ ထည့်သွင်းပြီး လက်မောင်းနှစ်ဘက်ဖြင့် တင်းကျပ်စွာ ထွေးပွေ့ထားတာတွေ့ရတယ်။ ရှင်းချန် အဖေ နူတ်ခမ်းထက် အပြုံးတွယ်ခိုလို့ ပြတင်းဘက်ကို မျက်နှာလှည့်လိုက်တယ်။ ပြတင်းပေါက်ကနေ မြင်ရတယ့်အလင်းရောင်ကို မျက်လုံးမှတ်လို့ ခံစားလိုက်တယ်။
ရှင်းချန်အဖေ စဉ်းစားမိတယ်။ဆိုင်ကို လာတယ့်ကောင်လေးက သူအပေါ် သံယောဇဉ် တော်တော်ရှိပုံရမယ်လို့ အခုလည်း ကြည့် သူဖြစ်ပျက်တာတွေကိုပြန် သတိရလာတယ်။ အလုပ်လုပ်နေရင်း ခေါင်းထဲ ထိုးကိုက်လိုက်တာဘဲ အသိရှိတယ်။ လှဲ ကျသွားတုန်းက နားထဲတော့ သူ့သားရှင်းချန်အသံကိုတော့ ကြားမိလိုက်သလိုတော့ရှိတယ် သူ့သားခေါ်တယ့် အဖေဆိုတယ့် အသံကို သူ သတိရမိတယ် နောက်ပိုင်းတော့ဘာတွေဖြစ်ပျက်ပြီး အခုလိုသန့်ရှင်းသပ်ရပ်တယ့် သီးသန့် ဆေးရုံခန်းကိုရောက်လာတာဘဲ ဖြစ်တယ်။
ရင်ခွင်ထဲကရှင်းချန်တစ်ဖြစ် ရှောင်ကျန့် နိုးလာခဲ့ပြီ။ နွေးထွေးမူကို ခံစားနေရတယ်။ အခန်းရဲ့ အဲကွန်းက အနည်းငယ် အေးစက်နေပေမယ့် သူကတော့ တင်းကျပ်စွာ ထွေးပွေ့ထားတယ့် လက်တစ်စုံကြောင့် အေးစက်မူကို မခံစားရဘူး ။ သူနိုးလာပေမယ့် သူ့ကို ဖတ်ထားတယ့် လက်ကတော့ တင်းမြဲတင်းနေတုန်းဘဲ ရှိတယ် သူ ရုန်းမထွက်နိုင်အောင် ထိုလက်ပိုင်ရှင်က အားအရမ်းကောင်းနေခဲ့တယ်။ သူ ကြိုးစားပြီး လွတ်ဖို့လုပ်နေတာ အရှိန်နည်းနည်းပါသွားတာဖြစ်မယ် အကြင်နာ လက်ပိုင်ရှင်ပါ နိုးသွားခဲ့ပြီ။