14

2.4K 230 9
                                    

တစ်ညတာ အိပ်စက်အနားယူပြီး ပုံမှန်ဖြစ်သော အလုပ်တွေ လုပ်ဖို့ နေမင်းကြီးလည်း သူတာဝန်အလျောက် ကောင်းကင်ယံမှာ ထွက်ပေါ်လာနေပြီ

ဒီနေ့က ရာသီ ဥတု ကောင်းမွန်ပြီး ကောင်းကင်မှာ အပြာရောင် တိမ်တိုက်တွေ နေရာယူထားတယ်။ ယူနီးဖောင်း ဝတ်စုံများနဲ့ လုပ်ငန်း ခွင်ကို ဝင်ဖို့ သွားရောက်နေတယ့် သူများလည်း ရှိသလို ကျောင်း အင်္ကျီဆင်တူကလေးများဖြင့် ကျောင်းကား စောင့်နေသူများ ရှိတယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိ လွ ဆိုသလို့ ကိုယ်နဲ့ ဆိုင်ရာ ဌာန အသီးသီးမှာ တာဝန်ထမ်းဆောင်ဖို့ကား မှတ်တိုင်မှာ ကားစောင့်နေတယ့် သူများလည်း ရှိကျတယ်။

ထိုနည်းအတူ ပင်ပင်ပန်းပန်း အလုပ်လုပ်နေကျတယ့် ဝန်ထမ်းများ စားဖို့သောက်ဖို့ အဆင်သင့် ရှိနေတယ့် အသင့်စား ထမင်းဆိုင်များ လည်း ဖွင့်နေကျပြီ ဖြစ်သလို့ customer စိတ်တိုင်းကျ မှာစေပြီး စားဖို့ ပြုလုပ်ပေးတယ့် ရိပေါ်တို့်လို့ ကောင်ချောလေးများ ဦးစီးတယ့် ဆိုင်လည်း Open ဆိုင်းဘုတ်လေး ချိတ်ဆွဲ ထားလိုက်ပြီ ဖြစ်တယ်။

ရိပေါ် ဆိုင်အတွင်း ရိပေါ်မှ လွဲ၍ ကျန်သူများက ခုံများ ထိုင်ခုံများကို သေချာ နေရာချထားသူက ချနေပြီး သန့်ရှင်းရေး ပြုလုပ်သူက ပြုလုပ် မီးဖိုဆောင်ထဲ ဟင်းလျာ ချကိပြုတ်ဖို့ ပြင်ဆင်သူက ပြင်ဆင်နှင့် တစ်နေ့တာ လုပ်ငန်း တာဝန်ကို​ဆောင်ရွက်နေသည်။

"ဒီနေ့ chef အိပ်ယာထ နောက်ကျနေတာလား မသိဘူးနော် အရင် နေ့တွေတုန်းကဆိုရင် နောက်မကျတက်တယ့်သူက ဒီနေ့ နောက်ကျနေတယ်"

"အေးကွ အရင်က ဆို အစောကြီး အောက်ကို ရောက်နေပြီ "
ရှောင်ကျန့်လည်း လုပ်စရာရှိတာများကို လုပ်ကိုင်နေရင်း စီနီယာတို့ပြောနေတယ့် chef အကြောင်းကို နားစွင့်နေလိုက်သည်။

စီနီယာတို့ စကားပြောနေတာမကြားသေးခင် အပေါ်ထပ်ကနေ ရိပေါ်ဆင်းလာတာတွေ့လိုက်ရတယ် ။ရှောင်ကျန့် ရိပေါ် မျက်နှာကို သေချာလိုက်ကြည့်နေလိုက်တယ် ။

ရိပေါ် ညက တော်တော်နဲ့ အိပ်မပျော်ဘဲ မိုးလင်းခါနီးမှ မှေးခနဲ့ အိပ်ပျော်သွားလို့ ဒီမနက် အလုပ်နောက်ကျ နေတာဖြစ်တယ်။ ညက ရှောင်ကျန့်ကြောင့် အိပ်မပျော်တာလည်းပါတယ်။အရင်က သူဆို ခေါင်းပင် မဖော်ဘဲ ပြောမရဲတယ့်သူက အခုလို ရဲ တင်းလာလိမ့်မယ် မထင်တာမိတာကြောင့်လည်း ထူးဆန်းနေမိတယ်လိုလည်း တွေးမိနေရင်း အိပ်မပျော်တာလည်းပါတယ် ။

ကိုယ်ရဲ့ စားဖိုမှုးလေး Donde viven las historias. Descúbrelo ahora