ညသန်းခေါင်ကျော်အချိန် ဖြစ်သည်။"အား ကျွတ် ကျွတ် ခေါင်းတွေ ကိုက်လိုက်တာ ဗိုက်လည်းအောင့်လိုက်တာ "
ရှောင်ကျန့် ငြီးငြူပြီး နိုးလာပါတယ်။ ငါ ဘာတွေ အစားမှားပြန်ပြီလဲ ငါ ကိုယ်ခန္ဓာကလည်း ပင်ပန်းလိုက်တာ ငါ chef ပြန်လာတာဘဲ မှတ်မိတယ်။တစ်ခြားနောက်ပိုင်းက ကိစ္စတွေ ငါ လုံးဝ မမှတ်မိဘူး ။
"ရှောင်ကျန့် ငါလေ မင်းထဲရှိနေတုန်း ထမင်းတွေကော ဘီယာတွေကော အရမ်းသောက်ဖြစ်လိုက်တယ် "
ဘေးနားက ရှင်းချန် မျက်နှာငယ်လေးဖြင့် ပြောလိုက်တယ်။
"ငါလည်း အဖေ နဲ့ တွေ့တုန်း အဖေ ပြင်ပေးတယ့် ထမင်းကို အားရပါးရ စားမိလိုက်တယ် ။ နောက်တစ်ခု မင်း သဘောကျနေတယ့် ရိပေါ် chef လေ မနေ့က မိန်းကလေးတစ်ယောက်နဲ့ အတူတူ စားသောက်နေတုန်းကလည်း ငါ မင်းအစား မခံနိုင်လို့ ဘီယာ ဝင်သောက်လိုက်သေးတယ် မင်းတော့ ဘာမှ မသိပေမယ့် မင်းအတွက် ငါ ဂွင်ဖန် ပေးထားတယ်သိလား "
ရှင်းချန် ဘေးကနေ တောက်လျောက်ပြောနေပေမယ့် ရှောင်ကျန့် မကြားနိုင် ခေါင်းလေးကို ဖိနှိပ်ပြီး ကုတင်ပေါ်က ဆင်းလိုက်တယ် ။ ဆင်းပြီးတာနဲ့ တံခါးဖွင့်ပြီး ဆိုင်ထဲကို တစ်ရွေ့ရွေ့သွားနေသည်။ရှင်းချန်လည်း ဘေးကနေ တောက်လျောက် လိုက်သွားလိုက်တယ်။
"အား ဗိုက်ကလည်း အောင့်လိုက်တာ အရမ်းဘဲ "
ရှောင်ကျန့် သည် အစားလည်း များများ မစားနိုင် ။ အရက် သေစာဆိုလည်း မသောက်တက်တယ့် လူတစ်ယောက်ဖြစ်သည်။ ခုလည်း တစ်နေကုန် ရှင်းချန်မွေထားတယ့် စနစ်ကြောင့် အလူးအလဲ ခံစားနေရတယ်။
ဆိုင်တံခါးကို ဖြေးဖြေးလေးဖွင့်ပြီး ဝင်လာရသည်။အသံအရမ်းထွက်ရင် အပေါ်ထပ်က chef နိုးသွားမှာလည်း ဆိုးသည်။ရေခဲသေတ္တာထဲက ရေဗူးထုတ်ပြီး ဖန်ခွက်ထဲ ထည့်လိုက်တယ်။ ပြီးတာနဲ့ တစ်ခါတည်းမော့ချလိုက်တယ်။
"ရေ လည်း တော်တော်ဆာနေတာဘဲ "
ခန္ဓာကိုယ်ထဲ ရေတစ်ခွက် ဝင်သွားတာနဲ့ တစ်ပြိုင်နက် ရင်ထဲ မကောင်းဖြစ်လာတယ်။ အန်ချင်သလိုလိုနဲ့ပျို့ပျို့တက်လာတယ်။ ခမန်း ခတန်း Toilets ထဲ ပြေးဝင်လိုက်ရတယ်။