နောက်တစ်နေ့မနက်ဝယ်......
ရှောင်ကျန့် အိပ်ယာက နိုးတာနဲ့ ချက်ချင်းမထသေးဘဲ အိပ်ယာထက် ငူငူငိုင်ငိုင်နဲ့ မနေ့က ည chef နဲ့ တွေ့တုန်းက အကြောင်းများကို ပြန်တွေးနေမိတယ်။တွေးနေရင်း ရှောင်ကျန့် မျက်နှာထက် ချက်ချင်းပြုံးရယ်လာတယ် ပြီးနောက် တစ်ဟားဟားနဲ့ ရီနေမိတယ် ခေါင်းက ဆံပင်များကို စောင့်ဆွဲ နေလိုက်သေးတယ်။ အသည်းတွေ ယားလိုက်တာနော် chef ရှေ့ ဟန်မဆောင်နိုငိအောင်တွေ ဖြစ်ပြီး တော့ ဖတ်တွယ်ကပ်ထားသေး ဒီနေ့ ဘယ်လို မျက်နှာနဲ့ chef နဲ့တွေ့ရမလဲ နော်....
ဆိုင်ရဲ့ ဒုတိယ အထက်မှာလည်း အိပ်ယာ ထက်ဝယ် ပြုံးစိစိနဲ့ ကောင်လေးတစ်ယောက် လည်းရှိနေတယ်။
အယ်ဒီလိုနဲ့ ကောင်လေး နှစ်ယောက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီး အသီးသီး ဆိုင် ထဲ ဝင်လာကျတယ်။တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ခြင်းမပြုကျဘဲနဲ့ပေါ့.....
"မင်္ဂလာပါ စီနီယာ တို့ "
"မင်္ဂလာပါ ကျန့်ကျန့် "
"မင်္ဂလာပါ chef "
"အွန်းးးး "
"ရှောင်ကျန့် စီနီယာတို့ ကို အသီးသီးနူတ်ဆက်တော့ စီနီယာတို့ကပြန်ပြောသေးတယ်။ chef ကို နူတ်ဆက်တော့ အွန်းတယ် ဘာအထာလဲဟ (အနော်ရထာ လား )"
တစ်ကယ်က ရိပေါ် ရှက်နေတာဖြစ်သည်။ ဒါကို မသိတယ့် ရှောင်ကျန့်က သူကို အရေးမလုပ်ဘူးထင်ပြီး စိတ်ကောက်သွားပါတော့တယ်။
ရှောင်ကျန့် ရိပေါ်ကို မျက်စောင်းထိုးပြီး သူလုပ်စရာရှိတာများကို လုပ်နေလိုက်တယ်။ဟုတ်တယ် လူက အရေးလုပ်တာကို သူက ပြောချင်သလို မပြောချင်သလိုလိုနဲ့ လူကို မထိတထိ လုပ်ရတာ အရမ်းပျော်တယ်ထင်တယ်။ ရှက်ခြင်းရှက် သူက ရှက်ရမှာကို အဟွန့် စိတ်တိုတိုနဲ့ နှာမှုတ်လိုက်တာ အပြင်ကိုတောင် နှာမှုတ် သံ ထွက်သွားသေးတယ်။chef က ဘာဖြစ်တာလဲ ဆိုပီး မေးငေါ့ပြတယ်။ သူလည်း ပြန်ပြလိုက်တယ် လက်မနဲ့ လက်ညိုး ကို အဝိုင်း ပုံစံ 👌အိုကေ ပုံစံ လုပ်ပြလိုက်တယ်။
ရိပေါ် ရှောင်ကျန့် ရဲ့ ထို အပြုအမူ လေးက အစ ချစ်မြတ်နိုးရပါတယ်။
