(ဒီအခန်းက အနည်းငယ် ရိုင်းမယ့်စကားလုံးများပါပါက နားလည်ပေးပါ idol ကို ထိခိုက်စေလိုခြင်းမဟုတ်ပါဘူးနော် ကိုယ်အမြင် နည်းနည်းစကားလုံးရိုင်းတယ်ထင်လို့ပါနော်)
အခန်းပေါက်ဝကနေ မျက်နှာကို ထိုးနေတယ့် နေပေါက်ကြောင့် ကျန့်ကျန့် အိပ်ယာမှ နိုးထလာခဲ့တယ်။ တစ်ကိုယ်လုံး နွေးထွေးမူကို ခံစားလိုက်ရတယ်။ သူ့အခန်းက လေမလုံတယ့်အတွက်ကြောင့် အေးတယ့် အချိန်မျိုး ဆိုရင် သူ စောင်ကိုမျက်နှာလေး ဖော်ယုံသာ ထားပြီး တစ်ကိုယ်လုံး ခြုံအိပ်ရတယ် အခု အအေးဓာတ် မဆို ပူလွန်းလို့ ချွေးတောင် ပြန်ချင်နေတယ်။ မျက်လုံး အသာ ဖွင့်လိုက်တာနဲ့ မြင်လိုက်ရတာက ရင်ခွယ်ကျယ်ထဲ ကို သူရောက်ရှိနေတယ်ဆိုတာဘဲ ဘယ်သူ့ရင်ခွင်ထဲ ရောက်နေလဲ သူသိတယ် သူ ရနေတယ့် ကိုယ်သင်းရနံ့ကြောင့်အလိုလို သိတယ်။ လက်မောင်းကို ခေါင်းအုံထားရင်း တစ်ကိုယ်လုံး chef ရဲ့ ရင်ခွင်ထဲ ရောက်နေပြီး chef ကလည်း တင်းကျပ်စွာ ထွေးပွေ့ထားတယ်။ မျက်နှာကို မြင်ရဖို့အရေးရင်ခွင်ထဲက ခေါင်းကို အသာ နောက်ရွေ့လိုက်တယ်။ လှုပ်ရှားသွားတယ့် သူ့ ခန္ဓာကိုယ်ကြောင့် chef လည်း နိုးသွားတယ်ထင်တယ် နေရာရွေ့သွားတယ့်သူကို chef က ပြန်ဖမ်းချုပ်ထားပြီး နဂိုပုံစံအတိုင်း chef ရဲ့ ရင်ခွင်ကျယ်ထဲဘဲ ပြန်ရောက်သွားခဲ့ရတယ်။
"ဒီအတိုင်းလေးဘဲ နေချင်တယ် ကလေးရယ် "
Chef ဆီက ထွက်လာတယ့် စကားသံက သူ့ခေါင်းကနေ ကျော်ဖြတ်ထွက်သွားတယ်အခါ ပူနွေးနွေး ကိုယ်ငွေ့ကို ခံစားလိုက်ရတယ်။ သူလည်း အလိုက်သင့် ရင်ခွင်ထဲ ပိုတိုးလို့ ဖတ်တွယ်ထားလိုက်တယ်။ ရင်ခွယ်ကျယ်တဲ့ chef က ကိုယ်လုံးသေးတယ့်သူ့ကို ကလေးသဖွယ် ဖတ်ထားလိုက်တယ်။ ရင်ခွင်နဲ့ သူမျက်နှာ ကပ်ထားတယ့်အတွက် chef ရဲ့ အသက်ရူလိုက်တိုင်း လှုပ်သွားတယ့် ရင်ဘက်ရယ် ခုန်နေတယ့် နှလုံးခုန်သံကို အတိုင်းသားကြားနေရတယ်။ ရင်ခွင်ထဲကနေဘဲ သိချင်တာကို မေးလိုက်တယ်။
"Chef ဘယ်ချိန်ကတည်း ပြန်ရောက်နေတာလဲ "
"မိုးမလင်းခင်တည်းက ပြန်ရောက်နေတာ"
