နောက်တစ်နေ့ မနက်
ရှောင်ကျန့် တစ်ညလုံး ငိုခဲ့မိတယ့်အတွက် မိုးလင်း ခါနီးမှ အိပ်ပျော်သွားတယ်။ ခေါင်းက နောက် တောက်တောက်နဲ့ ကိုယ်တွေ လက်တွေ ကိုက်ခဲနေတယ်။ အလုပ်ကလည်း မသွားမဖြစ်မို့လို့သွားရအုံးမယ်။
ရေမိုးချိုး ပြင်ဆင်ပြီး ကားမှတ်တိုင်ကို ထွက်လာခဲ့တယ်။
*************
"ဆရာမ "ရှင်းချန် တစ်ယောက် တော်တော်လေးကို ပျင်းနေပါပြီ မနေ့က တစ်နေ့လုံးလည်း အခန်းထဲ ကနေ အပြင် မထွက်ရဘူး ဆရာမလည်း အပြင် မထွက်သလို သူလည်း အပြင် မထွက်ရဘူး
"ဆရာမ........."
သူ စိတ်မရှည်တယ့်လေသံဖြင့် ထပ်ခေါ်မှ အခန်းထဲက ထွက်လာတယ့်ဆရာမ
"ဟဲ့ ဘာလို့အရမ်းအော်နေတာတုန်း ထမင်းဆာနေပြီလား"
(သရဲလည်း ဗိုက်ဆာတက်ပါတယ် ဒီအထဲမှာ )"ဆရာမ အပြင်ထွက်ခွင့်ပေးပါလား လိမ်လိမ်မာမာနေပါမယ် လျောက်ပြီးလည်း ဆရာမ မကြိုက်တာ မလုပ်တော့ဘူးလေနော်"
ဆရာမက ထမင်းစားပွဲ ပြင်ရင်းနဲ့ သူကို တစ်ချက် လှမ်းကြည့်တယ် တစ်ချက်ဆို တစ်ချက် ကလေးဘဲ
"မရဘူး ကောင်လေး အိမ်ထဲမှာဘဲ နေပါ ဒါနဲ့ ပြီးရင် ကိစ္စတစ်ခု ရှိလို့ အပြင်သွားဖို့ရှိတယ် ကောင်လေး အိမ်မှာဘဲ နေခဲ့"
ဆရာမ က ကိစ္စ တစ်ခု ရှိတယ့်တယ့် ကြံစမ်း ကြံစမ်း အရေးထဲ ဆို ဒီဦးနှောက်က ဘာမှ မထွက်လာဘူး
သူ့ခေါင်းကို သူထုပြီးပြောနေတယ့် ကောင်လေးကို ဆရာမ အံသြစွာကြည့်နေတယ်။
"ဟုတ် ကဲ့ "
သူ ဟုတ်ကဲ့ ပြောပြီးအဆုံး ဆရာမ လန့်သွားတယ် ဟုတ်တယ်လေ သူက ပြောတိုင်းနားထောင်တယ့် သရဲ မှ မဟုတ်တာ ဖျက်ဖျက်လတ်လတ် စပ်စလူး သရဲလေ သူ ဒီလို နာခံတက်တယ့် လူမျိုး မဟုတ်ဘူး သိဖို့
"ကဲ ဒီ ထမင်းကို စားပြီး အေးအေးဆေးဆေး နားနေ ဟုတ်ပြီလား "
ထမင်းစားချိန်တော့ စားလိုက်မယ် ဒါမှ အားရှိပြီး ထွက်ပြေးနိုင်မှာ