🔥32🔥

4.3K 213 9
                                    


ရိပေါ် ရှောင်ကျန့်ကိုစိတ်ပူလွန်းလို့ ဖုန်း message ပါလိပ်စာ အတိုင်းဟိုတယ်သို့ ရှောင်ကျန့်ကိုခေါ်ဖို့ ထွက်လာခဲ့လိုက်တယ်။သူနေတယ့်စားသောက်ဆို်င်ကနေ ကားနဲ့ ဟိုတယ်ကိုသွားရင် အနည်းဆုံးမိနစ်အနည်းငယ်လောက်ဘဲ ကားမောင်းရတယ် အယ်မိနစ် အနည်းငယ်လောက်ကပင် သူ့အတွက် အချိန်တွေ အရမ်း ကြာမြှင့်တယ်လို့တွေးမိတယ်။

ဟိုတယ် အပေါက်ဝ ရှေ့ရောက်တာနဲ့ ကားကိုတွေ့တယ့်နေရာမှာ ရပ်ထားလိုက်တယ်။ရပ်ထားပြီး ဖုန်းကိုကောက်ယူလို့ ဟိုတယ် reception ဆီကို သွားလိုက်တယ်။ ကားကို ကားပါကင်မှာ မရပ်ဘဲ တွေ့ကရာ နေရာမှာ ရပ်ထားခဲ့တယ့်အတွက် ကားပါကင် အစောင့်ဦးလေးကြီးတွေရဲ့ အသံတွေက နောက်က ကပ်ပါလာခဲ့တယ်။ လုံခြူံရေး ဦးလေးကြီးတွေရဲ့ အော်သံတွေကိုလည်း အခုချိန် သူဂရုမစိုက်နိုင်သေးဘူး လောလောဆယ် ကျန့်ကျန့် ရှိတယ့်အခန်းထဲ ကိုသာ ရောက်ဖို့လောနေမိတယ်။

ဟိုတယ် Reception ရဲ့ ဝန်ထမ်းကောင်မလေးကို ကောင်းလေးငါးယောက် ရဲ့အခန်းကို မေးလို်က်တော့ မူးပြီး အခန်းဌားတယ့် ခပ်ချောချောကောင်လေးတွေလားလို့မေးလို့  ကြံဖန် အူတိုမိရသေးတယ်။ ခမ်ချောချောကောင်လေးတွေဆိုတာ သူ့သူငယ်ချင်းတွေ မပါလောက်ဘူးထင်တယ် သူ့ချစ်သူကျန့်ကျန့်ဘဲ ဖြစ်မှာပါဆိုပြီး ရန်ပြန်တွေ့ချင်ပေမယ့် အခု သူကိုလည်း အဖတ်မလုပ်နိုင်သေး ။လောလောနဲ့မေးနေတယ့်သူ့ကို ဝန်ထမ်းကောင်မလေးက ပြူးပြဲ ကြည့်နေသေးတယ်။ ဟုတ်တော့လည်းဟုတ်မယ် သူ့ကြည့်ရတာ မိုးမီးတစ်ယောက်တည်းကွက်လောင်နေသလိုမျိုး ပျာလောင်ခတ်နေတာ။

ဝန်ထမ်းကောင်မလေးအကူအညီကြောင့် ကျန့်ကျန့်တို့ရှိမယ့် အခန်းဆီ ရောက်လာခဲ့တယ်။ အခန်းထဲ ဝင်ဖို့ သော့အပိုပါ တောင်းလာခဲ့တယ်။ တောင်းလာပေမယ့် အခန်းရှေ့ရောက် အခန်းထဲ သော့ဖွင့်ဝင်ဖို့အလုပ် အခန်းတံခါးက  သော့မခတ်ထားဘဲ တံခါး ကဖွင့်လို့နေတယ်။ အခန်းတံခါးတောင် မပိတ်နိုင်တယ့်အထိ သူတို့တွေ အရမ်းသောက်ရသလား အငယ်ကို မထိန်းဘဲ ဒီလို ဖြစ်ပျက်နေကျသလား အမူးပြေမှ အငယ်ကို မထိန်းရကောင်းရယ် အရမ်းမူးအောင် သောက်ကျရသလားဆိုတာ ပြောဆိုရအုံးမယ်။ အသက်ကြီးပြီး အလိုက်မသိတယ့် သူ့သူငယ်ချင်းတွေ ...

ကိုယ်ရဲ့ စားဖိုမှုးလေး Où les histoires vivent. Découvrez maintenant