9

2.4K 237 7
                                    

ကားမှတ်တိုင်မှာ ထိုင်နေတာ အချိန်တော်တော်ကြာနေပြီ သွားစရာကလည်း မရှိ ဆွေမျိုးဆိုလို့ နယ်မှာရှိတယ့် အဖွားဘဲ ရှိတယ် အဖွားဆီလည်း မပြန်ချင် ဝါသနာ ပါရာ လုပ်ဖို့ မြို့တက်လာတာ မို့လို့အဖွားကိုလည်း အပူမပေးချင်တာလည်းပါတယ်

ring..ring

ဖုန်းခေါ်လိုက်တော့ contact ကြည့်လိုက်တော့ အဖွားဖြစ်နေတယ် သူ သတိရနေတာ အဖွားသိတာလား

"အဖွား"

"မြေးလေး ကျန့်ကျန့် အဆင်ပြေလား နေကောကောင်းလား အရင်လို သရဲတွေ မြင်တာ အနားကပ်တာ မျိုးဖြစ်သေးလား ထမင်းကော စားပြီးပြီးလား အဖွား အိမ်မက်တွေ မကောင်းလို့ မြေးရဲ့"

တဘက်က အဖွားဖြစ်သူ အသံကြောင့် ရှောင်ကျန့် မျက်ရည်တွေ ကျမိပြီ အသံမထွက်ရအောင် ကျိတ်မှိတ်ပြီး အားတင်းထားနေရလို့ အဖွားမေးတယ့် အမေးကိုမနဲ့ အားယူပြီး ပြောလိုက်တယ်

"အင်း ပြေပါတယ်အဖွားရဲ့ ထမင်းလည်းစားပြီး နေလည်းကောင်းတယ် အဖွားပေးတယ့်အဆောင်ကြောင့် ကျန့်ကျန့်အရာရာအဆင်ပြေနေပါတယ် ဖွားရဲ့"

တစ်ကယ် အဆင်ပြေမနေဘူးအဖွားရယ် ဟင့်..ဟင့်..လူတွေ အရမ်းဆိုးတယ် အဖွား ကျန့်ကျန့် တစ်ကယ်ပင်ပန်းနေပြီ ဖွားအရာရာကို လက်လွတ်ချပြီး နေချင်ပြီဖွား

"မြေး လေး တစ်ခုခု ဖြစ်ရင် မြေး အယ့်မှာနေရတာ အတင်မပြေရင် ချက်ချင်းပြန်လာခဲ့နော် ဖွားနဲ့အတူတူနေကျမယ်လေ"

"ဟုတ် ဖွား ဒါဘဲလေနော် နောက်တောင် ကျနေပြီ ဖွားလည်း အိပ်တော့နော်"

"အင်းအင်း ဒါဆို မြေးလည်း အိပ်တော့နော် မနက် အလုပ်ဆင်းရမှာမလား နောက်ကျနေပြီ"

အဖွားနဲ့ ဖုန်းပြောလိုက်တော့နည်းနည်းတော့ အားရှိသွားတယ် ကိုယ်ဘဝ မှာ အားကိုးစရာ တိုင်ပင်ဖော် တစ်ယောက်ရှိတာ သူ့အတွက် တစ်ကယ် အားဖြစ်စေပါတယ်

ဘယ်သွားရမလဲ ဆိုင်ကိုဘဲ သွားရမလား တစ်ညတစ်လေ chef မသိအောင် နေလို့ရမယ် ထင်တယ်

အမှန်က သော့ တစ်ချောင်းအပိုက သူဆီရှိတယ် သူက မနက်စောစော ဆိုင်သွားလေ့ရှိသောကြောင့် သော့အပိုတစ်ချောင်းပေးထားတယ်

ကိုယ်ရဲ့ စားဖိုမှုးလေး Where stories live. Discover now