ရှောင်ကျန့် ပထမဦးဆုံး ထင်မိလိုက်တာက ရိုးရိုး ညစာကျွေးတယ်ပေါ့ ။ဆိုင်ကိုရောက်တော့ chef က ထိုင်ဖို့ ခုံကို အဆင်သင့် ထုတ်ပေးစေပြီး ထိုင်ခိုင်းစေတယ်။ စားသောက်စရာတွေကလည်း ရှယ်တွေ မှာထားပေးတယ်။ နောက်ပြီး သူ့လက်ထဲ လည်းယုန်ရုပ်လေး တစ်ရုပ်ကို ဆိုင်ဝန်ထမ်း တစ်ယောက်က လာထည့်ပေးတယ်။ ယုန်ရုပ်လေးက ချစ်ဖို့တော့ အတော်ကောင်းတယ်။
အစားသောက်တွေ လာချပေးပြီး စားသောက်နေတုန်း chef က ထလာတယ် သူရှေ့ ဒူးထောက်ပြီး တရားဝင်လက်တွဲဖော် အဖြစ် ဖွင့်ပြောတယ်ဆိုတော့ သူမှာ ကြောင်အအနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ဖြစ်ရပြီး လက်ထဲက ယုန်ရုပ်ကို ပိုက်လို့ ထပြေးလာခဲ့ရတယ်။
ဟုတ်တယ်လေ သူ တစ်ကယ် ကြောင်အ သွားရတာပါ ။သူ ကျိတ်ပြီး သဘောကျ ချစ်ခဲ့ရသူက သူကို ဖွင့်ပြောလာတော့ သူ ဝမ်းသာရမလား ဝမ်းနည်းရမှန်း မသိအောင် လူလည်း ပူထူပြီး လုပ်မိလုပ်ရာ chef ကိုတောင် မကြည့်မိတော့ဘဲ သူ ထွက်ပြေးလိုက်လာတာ ။
ရှောင်ကျန့်ထွက်ပြေးလာလိုက်တာ ပန်းခြံထဲ တောင် ရောက်လို့လာခဲ့တယ်။ ညပိုင်း ရောက်နေချိန် ဆိုတော့ ပန်းခြံထဲ လူရှင်းသလောက်လည်း ဖြစ်နေပြီ သူ နည်းနည်း မှောင်တယ့်နေရာမှာ ရွေးထိုင်လိုက်တယ် လက်ထဲ က ယုန်ရုပ်ကို တင်းနေအောင်ပိုက်ပြီး ဘာကို ဝမ်းနည်းမိမှန်း မသိအောင်ဖြစ်နေတယ်။ ငိုချင်လာလို့ အသံထွက်ငိုမိတယ့်အထိ အားရပါးရငိုလိုက်တယ်။ပါးစပ်ကလည်း တတွက်တွက်နဲ့ ပြောပြီး ငိုနေမိတယ်။
"ဆိုးလိုက်တယ့် ငါ့ဘဝ ကျိတ် ချစ်နေရသူက ဖွင့်ပြောတော့လည်း ထွက်ပြေးမိတယ်။ ငါ့ကို ချစ်တာမှ မဟုတ်တာ ငါ့ကိုယ်ထဲ ဝင်သွားတယ့်သူကို ချစ်နေတာကို အီးး အဟင့် အူးဝါး
ဘယ်အကောင်က ဝင်ပြီး ခုလို ငါ့ကို ငိုရအောင် လုပ်ရတာလဲ ""အဟင့် အဟင့် ငါ အရမ်း ဝမ်းနည်းတယ် သိလား ငါ chef ကို ချစ်နေတာ အရမ်းကြာနေပြီ သိလား ငါ့က ငါ့က ဖွင့်ပြောရင် ငါ့ကို သဘောမကျလောက်ဘူးထင်ပြီး ဒီအတိုင်း မျက်နှာလေးမြင်နေရင် ကျေနပ်နေတာ သိလား "