ဈေးဝယ်စင်တာကနေ အတင်းဆွဲခေါ်လာရတာရယ် စားချင်တာ မစားရတာကြောင့် ရှောင်ကျန့် တစ်ယောက် နူတ်ခမ်း တစ်ထော်ထော်နဲ့ သူဆွဲခေါ်ရာနောက်ပါလာတယ်။
ရိပေါ် လှည့်ကြည်တော့ သူ့ကို မကျေနပ်တယ့် ပုံစံဖြင့် နူတ်ခမ်းတထော်ထော်မျက်လုံးဝိုင်းဝိုင်းဖြင့် ကြည့်နေတယ့် ရှောင်ကျန့် သူလှည့်ကြည့်တာမြင်တော့ မျက်စောင်းတောင် ထိုးလိုက်သေး တော်တော်ချစ်ဖို့ကောင်းတယ်လို့ စိတ်ထဲ မှတ်ချက်ပေးမိလိုက်တယ်။
"အော် ဟော့ မျက်စောင်းထိုးတယ်ပေါ့လေ "
".............."
"ဟုတ်ပါပြီကွာ ဒီက အပြန် ပဲခေါက်ဆွဲ ဝင်စားမလား ဒီနားမှာ စားကောင်းတယ့်ဆိုင်ရှိတယ်"
အစားသောက် ဆိုတာနဲ့ ရှေ့က သူ့ကောင်လေး မျက်လုံးတောက်တောက်လေး ဖြစ်သွားပြီးခေါင်းကို ညိတ်ပြတယ့်ပုံစံက လိုချင်တာရလို့ ပျော်သွားတယ့်ကလေးလေးနဲ့ တူတယ်။
************
ပဲခေါက်ဆွဲ ဆိုင်ရောက်တာနဲ့ သူ့အတွက်ရယ် အစားသောက်ဆိုရင် မီးတဝင်းဝင်းတောက်နေတယ့် သူ့ယုန်လေးအတွက်ပါ မှာလိုက်တယ်။
စားပွဲ ပေါ် ပဲခေါက်ဆွဲ များရောက်လာတာနဲု့ ရှောင်ကျန့် အတွက် ပဲခေါက်ဆွဲ ကို ယူလိုက်တယ် သေချာ နှံ့နေအောင် မွေပေးလိုက်တယ် ။ မွေပေးပြီး တူပါအဆင်သင့် ဖောက်ပေးပြီး သူ့အကောင်ပေါက်ရှေ့ ချပေးလိုက်တယ် ။
ရှောင်ကျန့် ဆိုင်ထဲ ရောက်ကတည်းက စားပွဲ ခုံပေါ်ထိုင်ကတည်းက chef ဘဲ မှာတယ် ။ ခုလည်း ပဲခေါက်ဆွဲ ပန်းကန်ကို ယူပြီးမွေပေးတယ်။ တူပါအဆင်သင့် ဖောက်ပေးတယ် chef လုပ်ပေးနေကတည်းက chef ကိုဘဲ လို်က်ကြည့်နေမိတယ်။
"စားလေ အဆင်သင့်ဘဲ "
".........."
"ဘာလဲ ပါးစပ်ထဲ ခွံပေးရအုံးမှာလား "
"ဟင့်အင်း ရတယ် ကျန့်ကျန့် ကိုယ်ဘာသာစားမယ်"
ရှောင်ကျန့် ပြောလည်းပြော ပဲခေါက်ဆွဲ ကို အားရပါးရ စားလိုက်သည်။ ခေါင်းကို ငုံပြီး စားနေတာ ပါးစပ်ကလည်း အရသာရှိကြောင်းလည်းပြောသေး