At Coffee Shop
မနေ့က အသိ နတ်ဆရာမနဲ့ ချိန်းထားလို့ ရိပေါ် အမေ coffee shop ကို စောစီးစွာရောက်ရှိနေတယ်ထောင့်ကျတယ့် နေရာမှာ ထိုင်ပြီး အဆင်သင့် စောင့်နေတယ်
ဟုတ်တယ် သူမ တစ်ခုခု လုပ်ပေးမှ သူဝင်ပါတော့မှ သူ သားလေး စွံတော့မှာ သူမှာ ရှိတာမှ သားနဲ့ သမီး သမီးလေးကတော့ ကံအကြောင်းမသင့်လို့ ဒီလို ဘဝ ရောက်သွားပေမယ့် နားလည်ပေးပြီး ချစ်ပေးတယ့် သားမက်ကလေးကြောင့် စိတ်အေးရတယ် ဒီသားကို စိတ်မအေးဘူး မဟုတ်မှ လွဲရော ယောက်ကျားလေးချင်း စိတ်ဝင်စားနေတာလား အယ် မဖြစ်နိုင်ပါဘူး ယောက်ကျားလေးချင်းစိတ်ဝင်စားရင်တောင် တော်သေး အဖော်ရပြီမှတ်လို့ရတယ်လေ အခုဟာက တစ်ခုခုဘဲ
ဝင်ပေါက် တံခါး ချူးလုံးအသံကြောင့် အတွေးတို့ ပျောက်သွားပြီး ဝင်ပေါက်ကြည့်တော့ အသိ နတ်ဆရာမ ဝက်လာတော့ သူ ထိုင်နေရာက ထပြီး လက်ပြပြီး သူ့နေရာကို လာဖို့ ခေါ်လိုက်တယ်
"ဝမ်မားမား စောင့်နေရတာ ကြာပြီလား "
"ကြားသေးပါဘူး ဆရာမ ရဲ့ စောနကတင် ရောက်တာ ဘာစားမလဲ မှာလေ "
"ရတယ် ရင်ပူလို့ Juice ရလား အယ်ဒါဘဲ သောက်မယ်"
"ရတယ် ကျွန်မ မှာပေးမယ်"
ပြောလည်းပြော waiter လေး ကိုခေါ်ပြီး မှာစရာရှိတာမှာလိုက်တယ်
"ဆို ပါအုံး ဝမ်မားမားရဲ့ ဘာကိစ္စဖြစ်လို့ တွေ့ချင်တာတုန်း"
"ဖုန်းထဲ ပြောမကောင်းလို့ လူချင်းတွေ့ပြီးပြောတာအဆင်ပြေမယ်ထင်တယ် တွေ့ဖို့ ဆက်သွယ်လိုက်ရတာ"
"ကိစ္စက ဒီလို သားလေးအတွက် ယတရာလေး ဘာလေး လုပ်ပေးဖို့ရယ် သားလေး ဆိုင်ကို တစ်ချက်ကြည့်ပေးဖို့ သားက အခု ထိ မစွံသေးလို့ဆရာမရယ် သူအတွက် ပူနေရလို့ "