26

1.7K 152 2
                                    

ရှင်းချန် ခြေဉ်ီးတည့်ရာ ပြေးလာလိုက်တာ အဆောက်အဦးပျက်ထဲ ရောက်ရှိလာခဲ့တယ်။

သူ့သိတယ့် အကိုက အခုလို လူတစ်ယောက်ကို နာကျင်အောင်လုပ်မယ့် လူမျိုးမဟုတ်ဘူး ကလေး ကအစ လူလတ်၊ သက်ကြီးပိုင်းအထိ လူတိုင်းကို စာနာတက်ပြီး စိတ်ထားကောင်းတယ့်သူမျိုးပါ။ လောကမှာ အမြင်နဲ့ အထင်နဲ့ ဟက်တက်ကိုလွဲတာလို့ ပထမဦးဆုံးအကြိမ်ခံစားမိလိုက်တယ်။

ရှင်းချန် ဘောင်းဘီအိတ်ထဲက ဖုန်း ထမြည်လာတယ်။contact ကြည့်လိုက်တယ်  အကို ဆီက ဖုန်းကြောင့် ဖုန်းရဲ့ အသံမထွက်အောင် အသံကို ပိတ်ချဖို့ လုပ်ပေမယ့် ကြောက်စိတ်က ကြီးဆိုးနေတယ့်အတွက် လက်တွေ တုန်နေပြီး လိုတာထက် အသံပိတ်ဖို့ ပိုကြာနေခဲ့တယ်။အောင်မြင်စွာ ဖုန်းသံ တိုးပြီး ဖုန်းကို ပိုက်ပြီး တိုက်နံရံကိုကျောနဲ့ မှီလိုက်တယ် ကိုယ်လုံးကို အောက်သို့လျော်ချပြီး အသံကို အတက်နိုင်ဆုံး မကြားရအောင် ကွေးကွေးလေး ပုန်းနေလိုက်တယ်။

ဝမ်ချောင် ထွက်ပြေးသွားတယ့် ကောင်လေးနောက်ကို လိုက်လာခဲ့တယ်။ ကောင်လေး ဝေးဝေးမပြေးနိုင်လောက်ဘူးဆိုတာလည်း သူ တွေးကောင်းတွေးမိတယ်။ ရှာနေရင်း ရှေ့က အဆောက်အဦးပျက်ထဲ ဝင်လာခဲ့လိုက်တယ်။

ရှင်းချန် ငြိမ်ငြိမ်လေး နေရင်း အကိုရဲ့ ခြေသံကို နားစွင့်နေလိုက်တယ်။

"ကောင် လေး မင်း အထဲ ပုန်းနေတာ ကိုယ်သိတယ်နော်"

ဝမ်ချောင် ကောင်လေးကို ဦးစွာ အသံအရင်အစပျိုးပေးလိုက်တယ်

ရှင်းချန် အကို အသံကြားတာနဲ့ ရှိနေတယ့်နေရာကနေ ထွက်ပြေးဖို့ ပြင်လိုက်တယ်။ပြင်နေရင်း အကို အသံ ထပ်ထွက်လာတယ် အသံက အရမ်း ကြောက်ဖို့ကောင်းတာတော့ သူ ခံစားမိတယ်။

"မင်း ဒီ အထဲ ရှိနေတာ အကို သိတယ် အကို ဘာမှ မလုပ်ဘူးနော် အကိုရှင်းပြမယ် ဖြစ်သွားတယ့်ကိစ္စကို "

ရှင်းချန် ခဏ တွေဝေ သွားတယ်။ဟုတ်တယ် သူ့သိတယ့်အကိုက ဒီလိုလုပ်မှာမဟုတ်ဘူး ။

ရှင်းချန် ကိစ္စ အစအဆုံးကို မြင်ပါလျက်နဲ့ ဝမ်ချောင်ကို ယုံကြည်ပေးမိနေသေးတယ်။

ကိုယ်ရဲ့ စားဖိုမှုးလေး Wo Geschichten leben. Entdecke jetzt