ရှင်းချန် တစ်ယောက် ရှောင်ကျန့်ကိုအမှန်တိုင်းဖွင့်ပြောပြပြီးတယ့်ညကတည်းကနေ ရှောင်ကျန့်နဲ့အတူတူရှိမနေဘဲ စိတ်ပြေလက်ပျောက် လျောက်သွားနေလိုက်တယ်။
ရှောင်ကျန့်ကို အမှန်တိုင်းဖွင့်ပြောပြလိုက်တယ့်အတွက် chef အပေါ် ရှောင်ကျန့်ရဲ့ အချစ်တွေကို တွေ့မြင်သွားရတယ်။chef ကလည်း ရှောင်ကျန့်ကို ဘယ်လောက်ချစ်ကြောင်းပါ သိသွားခဲ့ရတယ်။ ရှင်းချန် တစ်ခါတစ်လေ တော့ တွေးမိတယ်။ သူသာ chef ကို ရှောင်ကျန့် ထက် အရင်တွေ့ဆုံခဲ့ရင် သူသာ မသေဆုံးခင် chef နဲ့ ရင်းနှီးခဲ့ရင် သူ့ကိုကော chef က ချစ်မိသွားနိုင်မလားပေါ့ တွေးမိဖြစ်တယ်။
တစ်ခါတစ်လေ အချစ်က အတ္တဆန်တယ်။
ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာကိုလည်းတစ်ပြိုင်နက်ထဲတွေးမိတယ်။ chef ရဲ့ ရှောင်ကျန့်အပေါ် ချစ်တယ့်အချစ်က ရှောင်ကျန့် ဖြစ်လို့ကိုချစ်တာ တစ်ခြားသူ တစ်ယောက်ဆိုရင်တောင် chef ဒီလောက်ချစ်ပြမှာ မဟုတ်ဘူး ။ ရှောင်ကျန့် ကိုယ်ထဲ ရှိနေတုန်းကလည်း chef ရဲ့ ဂရုစိုက်မူက ပြောင်းလဲ သွားတယ့် ရှောင်ကျန့်ကို ဂရုစိုက်တာမျိုးမဟုတ်ဘဲ အရင်မူလ ရှောင်ကျန့်ကို မကြောက်မရွံဘဲ ရဲတင်းစေတာမျိုးဖြစ်စေချင်တာလည်း တွေ့ရတယ်။ ရှင်းချန်က သွက်လက်ပြီး စပ်စလူး ဆိုတော့ ရှောင်ကျန့်ကိုယ်ထဲ ရောက်သွားချိန် ပုံမှန်စရိုက်က ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ ရှောင်ကျန့်ကို စပ်စလူး ပုံစံ ပေါက်သွားစေတယ်။ တစ်ကယ်က ရှောင်ကျန့်လည်း ရှင်းချန်လိုမျိုး ငယ်ရွယ်ပြီး ဖျက်လတ်တယ် စပ်စလူး ပုံစံမျိုးရှိတယ်ဆိုတာ ရှင်းချန် ရှောင်ကျန့်ကိုယ်ထဲ ရောက်မှ သိခဲ့ရတယ်။
ရှောင်ကျန့်က ရှင်းချန်နဲ့ မတူတာတွေ အများကြီးလည်းရှိသေးတာ သတိထားမိတယ်။ အူတို တက်တယ် ။ စိတ်ကောက်တက်တယ်။ စိတ်ဆိုးပြီဆိုရင် နူတ်ခမ်းလေးတောင် ထော်တက်သေးတယ်။ ရှင်းချန် ရှောင်ကျန့်ကိုယ်ထဲ ရှိနေစဉ်တုန်းကလည်း တစ်ခါတစ်ရံ လုပ်ဆောင်မူတွေ အပြုအမှုတွေက ရှောင်ကျန့်ကိုယ်တိုင် လုပ်ဆောင်တာမျိုး ဘဲ ဖြစ်တယ်။ တစ်ခြားသူတွေက ရှောင်ကျန့် အရင်လိုမဟုတ်ဘဲ ပြောင်းလဲ သွားတယ်လို့ထင်မိကျတယ်။ chef အပါအဝင် ပေါ့ အကြောင်းရင်းကရှောင်းကျန့် မပြောင်းလဲ ဘဲ သူရဲ့ ပင်ကိုယ် စရိုက်နဲ့ အပြုအမှုတွေက ရှင်းချန်ကြောင့် ထွက်ပေါ်လာခြင်းဖြစ်တယ်။ အကြောင်းအမျိုးအမျိုးကြောင့် ဒီလို စရိုက်တွေ ဖုံးကွယ်ပြီး ခပ်တုံးတုံး ကြောင်အအ ပုံစံမျိုးနေတာဆို ပိုမှန်လိမ့်မယ်။
