ရှောင်ကျန့် အဖေနဲ့ စကားပြောဆိုပြီး ဈေးဝယ်ရန် ဈေးသို့ သွားလိုက်တယ်။ ဈေးဝယ်ပြီး အပြန် ဆိုင် အပေါက်ဝတွင် chef အမေနှင့် မျက်နှာချင်းဆိုင် တွေ့မိကျသည်။
"မင်္ဂလာပါ အန်တီ "
ရှောင်ကျန့် သူရှေ့က chef အမေ ကို နူတ်ဆက်လိုက်သည်။ လူကြီးမလား လူငယ်က စနူတ်ဆက်ရမှာပေါ့
"အေး အေး မင်္ဂလာပါ "
"ဒီ ဆိုင်မှာ အလုပ်လုပ်တာလား "
"ဟုတ်ကဲ့ပါ အန်တီ "
ရိပေါ် အမေ သူ့ရှေ့က ကောင်ကလေးကို သေချာ အကဲခတ်နေမိတယ်။
အရပ်ရှည်ရှည် မျက်လုံးအိမ်နက်နက်နဲ့ သွယ် ကျနေတယ့် ပါးရိုး နှာတံစင်းစင်းလေး နူတ်ခမ်းပါး ရဲရဲလေးနဲ့ နူတ်ခမ်းအောက်က မဲ့နက်ကလေး နဲ့ အင်းမဆိုးပါဘူး သား လူရွေးတော်တာဘဲ ဆိုင်မှာ ဒီလို ကောင်လေး ရှိရင် customer ကောင်မလေးတွေ လာမှာ...
ရှောင်ကျန့် သူကို ပြုံး ပြီး ကြည့်နေတယ် chef အမေကို နူတ်ဆက်ပြီး ဆိုင်ထဲ ဝင်လာခဲ့လိုက်သည်။
ဆိုင်ထဲ ရောက်ရောက်ခြင်း chef အမ ကို တွေ့ရသည်။
"မောင်လေး ကျန့်ကျန့် နေကောင်းလား "
"ဟုတ် မ နေကောင်းပါတယ် "
"မကော နေကောင်းလား "
"ကောင်းတယ် ကျန့်ကျန့် အိမ်မှာ လည်း အားနေတာနဲ့ ဆိုင်ကို လာအုံးမယ်ဆိုပြီး အမေ့ကို လိုက်ပို့ခိုင်းတာနဲ့ ဒီ ရောက်လာတာဘဲ ကျန့်ကျန့်ရေ"
"ဟုတ်မ ဒါဆို ကျန့်ကျန့် လုပ်စရာရှိတာ လုပ်လိုက်အုံးမယ်"
Chef အမ ကို နူတ်ဆက်ပြီး မီးဖိုဆောင်ဘက် ထွက်လာခဲ့ရာ လမ်းတဝက်အရောက် chef နဲ့ တွေ့တယ် ရှောင်ကျန့် chef ကို သေချာကြည့်မိလိုက်တယ် ။
ရှပ် လက်ရှည်ကို လက်ဖျားကနေ ခေါက်ပြီး လက်မောင်းအရင်းထိ ဆွဲ တင်ထားတယ် အင်္ကျီအဖျားကို ဘောင်းဘီထဲ သွင်းထားပြီး စတိုင်ပင် အနက်ကို တွဲ ဝတ်ထားတယ့် chef ကသူ့မျက်စိထဲ ထင်းနေတာဘဲ ခေါင်းအစ ခြေအဆုံး လိုက်ကြည့်မိနေတယ် ။ သူကြည့်နေတာ သိသွားတယ့်ပုံစံ ဘဲ သူကို chef က တစ်ချက် ဆို ဆိုယုံလေး ပြန်ကြည့်ပြီး ပုခုံးတစ်ဖက်ကို တိုက်ပြီး ဆိုင်ရှေ့ ထွက်သွားသည်။

ВЫ ЧИТАЕТЕ
ကိုယ်ရဲ့ စားဖိုမှုးလေး
Любовные романыအချစ်ဆိုတာ မသိလိုက်ခင်မှာဘဲ ဝင်ရောက်နေရာယူမိသွားတယ်။