23

1.9K 153 6
                                    

ရိပေါ် ဆိုင်မှာ လူးပါးတုန်း မျန်မျန်တို့ company အလုပ်နေရာသို့ ထွက်လာခဲ့လိုက်သည်။ဟိုတစ်နေက ဆိုင်မှာ ဖြစ်သွားတယ့် ကိစ္စအတွက်မျန်မျန်ကိုလည်း အားနာမိတယ်၊အားနာမိသည်တိုင်အောင် ကိုယ့်ကလေးကို ခိုင်းနေတယ့် သူတွေကို လည်း မခံနိုင်လို့ ပြန်ပြောမိတယ်။ထွက်လာခါနီး မျန်မျန်ဆီ ဖုန်းဆက်ပြီး မျန်မျန် company ကို သူလာနေပြီဖြစ်ကြောင်းကိုလည်း အကြောင်းကြားထားလိုက်တယ်။

အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို မရောထွေးတက်တာ သူ့အကျင့် ဆိုပေမယ့် ရှောင်ကျန့်နဲ့ပတ်သက်ရင် သေးသေးလေးတောင် မခံမရပ်နိုင်ဖြစ်နေတာကိုလည်း သု့စိတ်ကို သူ နားမလည်တော့ဘူး ။သူ ရှောင်ကျန့်ကို သနားနေတာလားဆိုတော့လည်း အယ်လိုမဟုတ်တာလည်းသူသိတယ်။ ကိုယ်ရှေ့မှာ ပြုံးပျော်နေတယ့်ရှောင်ကျန့်ကို ကြည့်နေရင်း သူပါအလိုလို ပျော်လာတာမျိုး ယောက်ကျားလေး တစ်ယောက်ကို ချစ်မိကြိုက်မိမယ် သူမတွေးထားမိသည်တိုင်အောင် အခု သူ့ဘဝထဲ ရှောင်ကျန့်က တစ်စ တစ်စ နဲ့ နစ်နေအောင် တိုးဝင်လာတယ်။

ရိပေါ် အတွေးများစွာနဲ့ မျန်မျန် တို့ company ဝင်ပေါက်ကိုရောက်လာခဲ့တယ်။ရောက်တာနဲ့အတွေး တွေကို ရပ်လိုက်တယ်။ ကားပေါ်က ဆင်းပြီး company ထဲ ဝင်သွားလိုက်တယ်။ company ထဲ ဝင်ဝင်ခြင်း မျန်မျန်ကို သူ company ဝင်းအောက်ကို ရောက်နေပြီဖြစ်ကြောင်းဖုန်းဆက်ပြောထားလိုက်တယ်။ ဧည့်ခန်းမှာ မျန်မျန်ကို စောင့်နေလိုက်တယ်။ မကြာမှီ မျန်မျန် သူဆီ ရောက်လာတာတွေ့တယ်။

သူတွေးမိတယ် မျန်မျန်က အတော်လှတယ့် သူ့သူငယ်ချင်းမလေးပါ သူ့အပေါ် စိတ်ထားဘယ်လိုရှိနေလဲ သူ့ကို မျန်မျန်က သူငယ်ချင်းအဆင့်ထက် ပိုနေတာလည်း သူသိတယ်။သိပေမယ့်လည်း သူ့စိတ်ထဲ ရှောင်ကျန့်က နေရာ ယူထားနေပြီဆိုတော့ သူ လိုတာထက် မျန်မျန်ကို မနာကျင်စေချင်ဘူး အခွင့်အခါ ကြုံခဲ့ရင် သူ့စိတ်ထဲ ရှောင်ကျန့် ရှိနေပြီဆိုတာ ပြောပြရအုံးမယ် ။ ပြောခွင့်ရခဲ့ရင်ပေါ့ တစ်ကူးတစ်ကတော့ ပြောပြလိုစိတ်တော့ မရှိဘူး ။သူ ရှောင်ကျန့်ကို ချစ်နေမိတာ အများသိဖို့မလိုဘူးလေ....

ကိုယ်ရဲ့ စားဖိုမှုးလေး Tempat cerita menjadi hidup. Temukan sekarang