36

1.5K 130 12
                                    

ရေတွေ အကုန် ပြန်အန်ထွက်လာတယ့် ကျန့်ကျန့်ကို ရိပေါ် ပွေ့ချီပြီး အခန်းထဲ သို့ ခေါ်လာခဲ့လိုက်တယ်။သူ့တပည့်တွေပါ နောက်က တစ်ပါတည်း လိုက်လာခဲ့လိုက်တယ်။ သူစိတ်ပူသလို့ သူ့တပည့်တွေလည်း အရမ်းစိတ်ပူနေကျမှာ ရိပေါ် သိတယ်။ ကျန့်ကျန့်က အားလုံးရဲ့ အချစ်ခံလေးဖြစ်တယ်။ ကျန့်ကျန့်ကို ပွေ့ချီလာတယ့် ကမ်းခြေကနေ ဟိုတယ် အထိ လမ်းတစ်လျောက်မှာလည်း ကျန့်ကျန့်ရဲ့ မျက်နှာက သူရဲ့ ရင်ခွင်ထဲကို ပိုတိုးလို့ ဝင်လာတယ်။ တစ်ချက် တစ်ချက် နှာရူတ်သံလေးလည်း ကြားရတယ်။ ကျန့်ကျန့်လည်း အရမ်းကြောက်လန့်သွားမှာဘဲ ထင်တယ် ။ပါးစပ်က မပြောပေမယ့်လည်း ရေနစ်နေတယ့်အချိန်မှာ သူကို့ ကျန့်ကျန့် လိုအပ်နေပြီး အကူညီ တောင်းနေမယ်ဆိုတာ တွေးမိတယ်။နှာရူတ်သံအဖြင့် ခန္ဓာကိုယ်ကပါ တုန်လို့နေတယ်။ ကျန့်ကျန့် အချမ်းပျောက်အောင်ခြေလှမ်းကို ပိုတိုးလို့ ဟိုတယ်ဆီ အမြန်သွားလိုက်တယ်။ ကျန့်ကျန့်ကို လည်း ပိုလို့ တိုးလို့ ဖတ်ထားလိုက်တယ်။

(Fa တွေ အတွက် so sad ပါကွယ်😔)

အခန်းထဲကို ရောက်တာနဲ့ ကုတင်​ပေါ် သို့ကျန့်ကျန့်ကို ချပေးပြီးတာနဲ့ အဝတ်အစားလဲပေးဖို့ ပြင်ရတော့တယ်။ရိပေါ်အခန်းထဲက ကျန့်ကျန့် အဝတ်စားထုတ်ထဲက အဝတ်အစားကို ယူပြီး လဲပေးဖို့ပြင်လိုက်တော့တယ်။ အခန်းထဲအထိ လိုက်ပါလာတယ့် သူ့တပည့်တစ်ဖြစ် သူ့သူငယ်ချင်းတွေကို စွေကြည့်လိုက်တယ်။

"မင်းကလည်း ငါတို့ ထွက်သွားပါမယ် အကြည့်ကြီးကလည်း ကြောက်ဖို့ကောင်း လိုက်တာ ငါတို့လည်း ကျန့်ကျန့်အတွက် စိတ်ပူ စိုးရိမ်လို့ဟာကို "

ရိပေါ် အကြည့်တစ်ချက်မှာ သူ့တပည့်တွေ အခန်းထဲကနေလှစ်ကနဲ့နေအောင်ထွက်သွားပေးရတော့တယ်။ ကျန့်ကျန့် က ယောက်ကျားလေးတစ်ယောက်ဖြစ်ပေမယ့် ကျန့်ကျန့် ခန္ဓာကိုယ်ကို တစ်ခြားသူမမြင်စေချင်ဘူး သူဘဲ ကျန့်ကျန့် ခန္ဓာကိုယ်ကို ကြည့်မယ်ထိမယ်။သူ့သူငယ်ချင်းတွေကလည်းစိတ်ပူလို့ အခန်းထဲ ထိလိုက်ဝင်လာတာ သူနားလည်တယ်။ သို့ပေမယ့်အူတိုတာတော့ အူတိုပါတယ်။အခန်းထဲကနေ သူတပည့်တွေ ထွက်သွားတာနဲ့ ကျန့်ကျန့်ကို အဝတ်အစားလဲပေးဖို့ ပြင်ပါတော့တယ်။ အဝတ်အစားများလဲပေးပြီးတာနဲ့ ကျန့်ကျန့်ကို နွေးထွေးအောင် စောင်ကိုခြုံပေးစေပြီး နွေးထွေးအောင် ရေနွေးသောက်ဖို့ ပြင်ဆင်လိုက်တယ်။ ရေနွေးတည်နေတယ့်အချိန်မှာ သူ ကျန့်ကျန့်ဘေးနား ဝင်လှဲ လိုက်ပြီး စောင်ထဲ မျက်နှာလေးဘဲ ဖော်ထားတယ့် ကျန့်ကျန့် မျက်နှာလေးကိုညှင်ညှင်သာသာ ထိလိုက်မိတယ်။ ထိမိတယ်သူလက် တွန့်ကနဲ့ဖြစ်သွားတယ် သေချာအောင် နဖူးကို တစ်ချက်စမ်းကြည့်လိုက်တယ် နဖူးက ကိုယ်ငွေ့နွေးနွေးက သူလက်ကို လာဟပ်စေတာဖြစ်တယ်။

ကိုယ်ရဲ့ စားဖိုမှုးလေး Where stories live. Discover now