အခန်း(၄)/အခနျး(၄)

25.7K 3.4K 53
                                    

Zawgyi
တနင်္လာ​နေ့ မနက်​​စော​စော စာသင်​ခန်းတွင်​ ကျန့်​​ရှောင်​ယဲ့ ပုံမှန်​လိုပဲ သမ်းလိုက်​ပြီး စာသင်​ခန်းထဲ ​ခြေချလိုက်​သည်​။
ကမ္ဘာကြီးရဲ့ အတင်းတုပ်​ အယ်​လ်​ဖာဘုရင်​ လျို့ဟန်​က ချက်​ချင်းကိုပဲ ​ရောက်​ချလာသည်​။ " မင်းရဲ့လည်​ပင်းမှာကိုက်​ရာများရှိရင်​ ငါ့ကိုပြစမ်းပါ။ fuck! ဘာလို့ဘာမှ မရှိရတာလဲ?"

ကျန့်​​ရှောင်​ယဲ့ သူ့ရဲ့ငံလွန်းလှတဲ့ဝက်​လက်​​*​တွေကို ရိုက်​ထုတ်​လိုက်သည်​။ "လဲ​သေလိုက်​၊ ငါ မင်းကိုမင်းရဲ့မိသားစု​ဝင်​​တွေ​ရှေ့မှာ လိင်​ပိုင်းဆိုင်​ရာ​စော်​ကားမှုနဲ့ တရားမစွဲခင်​ သတိထားပြီး​နေစမ်း"

လျို့ဟန်​ရယ်​​နေလိုက်​သည်​။ " ဟားဟားဟား၊​ ​ရှောင်​​ရှောင်​ရယ်​ ငါမင်းကို ဘယ်​လိုမှကို အိုမီဂါလို့မသတ်​မှတ်​ထားဘူး"

လို့ယုံဟန်​နဲ့ ရွှီချင်​လည်း ​ရောက်​လာ​သည်​။ သူတို့၂​ယောက်​လုံးက ဘီတာ​တွေ ပြီး​တော့ pheromone အနံ့ကို စန်းစန်းတင့်​တာ နည်းတယ်​။ ဒါ​ပေမဲ့ သူတို့လည်းပဲ ကျန့်​​ရှောင်​ယဲ့မှာ ဘယ်​အယ်​လ်​ဖာရဲ့ အနံ့မှ ရှိမ​နေဘူးဆိုတာ
ကို သတိထားနိုင်​တယ်​။

"မင်းရဲ့ အ​ဆောင်​ခန်းကို အယ်​လ်​ဖာလာ​နေမယ်​လို့ မ​နေ့တစ်​​နေ့က မင်း​ပြောတယ်​မဟုတ်​ဘူးလား? ဘာမှမဖြစ်​ဘူးလား? ဘာလို့ ဘာနံ့မှမရှိရတာလဲ?" လို့ ရှီချင်​​မေးလိုက်​သည်​။

ရှောင်​ယဲ့ ရုတ်​တရက်​ပြုံးလိုက်​သည်​။
"မင်း​တို​​တွေက တစ်​ခုခုဖြစ်​မှာကို ​မျှော်​လင့်​​နေကြတဲ့ပုံပဲ"

သူတို့သုံး​ယောက်​လုံး အဲ့ဒီ့ ​ကျောချမ်းဖွယ်​အပြုံး​ကြောင့်
ကြောက်​လန့်​တကြားဖြစ်​သွား​တော့သည်​။ အဲ့တာ​ကြောင့်​ တိုက်​တိုက်​ဆိုင်​ဆိုင်​ ​ခေါင်း​လောင်းလဲ​ခေါက်​​ရော သူ့တို့ရဲ့ထိုင်​ခုံ​တွေဆီ မြန်​မြန်​ပြန်​သွားကြသည်​။

ရှောင်​ယဲ့ သင်​ခန်းစာ​တွေကို နား​ထောင်​​နေတုန်း သူ့ရဲ့​ခေါင်းကို လက်​​တွေ​ပေါ်မှီချလိုက်​သည်​။ ​နောက်​တစ်
ကြိမ်​ထပ်​ပြီး​တော့ နည်းနည်းအိပ်​ချင်လာပြန်​ပြီ။
နည်းနည်း အိပ်​ချင်​စိတ်​​ပြေသွား​အောင်​ ပူရှိန်းပြင်းပြင်းကို ပါးစပ်​ထဲ ပစ်​ထည့်​လိုက်​ပြီး ဆရာမရဲ့ projection screen ကိုပဲစိုက်​ကြည့်​​​နေလိုက်​သည်​။
ဒါ​ပေမဲ့ သူ့ရဲ့စိတ်​အာရုံက သိချင်​စိတ်​​တွေဖြစ်​လာသည်​။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now