အခန်း(၆)/အခနျး(၆)

18.8K 3.3K 116
                                    

Zawgyi
အဲ့စကား​တွေ ​ပြောပြီးကတည်းက ကျိုး​ရွေး​​က ပိုပြီး​တော့
တောင်​ တက်​ကြွလာ​​တော့တယ်​။ အရင်​တုန်းက​တော့ သူ
ကျန့်​​ရှောင်​ယဲ့ ကိုမြင်​ရင်​ ဟဲလိုလို့ပဲ ​ပြောတာ။ ဒါ​ပေမဲ့ အခု​တော့ သူက ပထမ​ခြေလှမ်းအ​နေနဲ့ ​နောက်​​နေ့ကျ
တော့ကျန့်​​ရှောင်​ယဲ့ကို စာသင်​ခန်းအ​ပေါက်​ဝမှာ​တောင်​ အတူတူသွားစားဖို့ ​စောင့်​​နေပြီ။

"​ရွေး​ကော ၊ ငါထင်​တာ​တော့ ၊ ဖြည်းဖြည်းချင်း သွားကြတာ​ပေါ့"
ကျန့်​​ရှောင်​ယဲ့ မျက်​​မှောင်​ကြုတ်​ပြီး​တော့ သူ့ခါးက ကျိုး​ရွေး​​ရဲ့ လက်​ကို ဆွဲဖယ်​လိုက်​သည်​။

ကျိုး​ရွေး​​က ဂရုမစိုက်​တဲ့ဟန်​နဲ့ သူ့ကို ​နောက်​တစ်​ကြိမ်​ သူ့လက်​​တွေနဲ့ ဖက်​လိုက်​ပြန်​သည်​။
" ငါတို့ အခုတွဲ​နေပြီမဟုတ်​ဘူးလား? ဘာပြဿနာရှိလို့လဲ?"

ဘာခံစားချက်​မှမရှိတဲ့ မျက်​နှာထားနဲ့ ကျန့်​​ရှောင်​ယဲ့ ​ပြောလိုက်​သည်​, "ငါမင်းကို နည်းနည်း​လေး ကြိုက်​တယ်​လို့ပဲ ငါ​ပြောတာ​လေ။ တွဲချင်​တယ်​လို့ ငါမ​ပြောပါဘူး။ ငါအဲ့တာကို အခုထိ မစဉ်းစားရ​သေးဘူး"

"ဘာ?" ကျိုး​ရွေး​ တုန်​လှုပ်​​ချောက်​ချားသွားသည်​။ အိုမီဂါ​တွေကပဲ အမြဲတမ်း သူ့ကိုရဖို့ ကြိုးစား​နေကြတာ​လေ။ ပထမဆုံး အချိန်​အ​နေနဲ့ ဒါက သူတက်​တက်​ကြွကြွဖြစ်​​နေတာ။ အဲ့တာ​ ​ကြောင့်​ ကျန့်​​ရှောင်​ယဲ့လည်း heart ထိသွားမယ်​လို့ သူထင်​လိုက်​မိတာ။
အခု သူက အဲ့တာကို မစဉ်းစားရ​သေးဘူးလို့ ​ပြောလိုက်​တာလား?

သူစိတ်​အချဉ်​​ပေါက်​သွား​ပေမဲ့ ကျန့်​​ရှောင်​ယဲ့ရဲ့ ​အေးစက်
ပြီး ဂရုမစိုက်​တဲ့ ပုံကို မြင်​လိုက်​ရတဲ့အခါ မာနက ​ခေါင်​တက်​သွားသည်​။ တကယ်​လို့ သူက သူ့ကိုရက်​စက်​တယ်​လို့ သွား​ပြောရင်​​တောင်​ အဲ့တာက ​ဘေးထွက်​ဆိုးကျိုးပဲဆိုတာ သူသိပါတယ်​။ ဒါ​ကြောင့်​မို့ သူ သူ့​ဒေါသကိုပဲချုပ်​ထိန်းလိုက်​ရတယ်​။

"​ကောင်းပြီ။ မင်း​ပြောသလိုပဲ လုပ်​ကြမယ်​။ ငါက​တော့ ဘယ်​လိုပဲ ဖြစ်​ဖြစ်​ မင်းကို ရ​အောင်​လိုက်​မှာပဲ"

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now