အခန်း(၄၆) /အခနျး(၄၆)

19.7K 2.8K 142
                                    

Zawgyi
စိတ်​ကြိုက်​ဘာသာအတန်းကလွဲပြီး, သူတို့နှစ်​​ယောက်​လုံးရဲ့အတန်းချိန်​ဇယား ​တော်​​တော်​​လေးကို မတူ​သေး​ပေ။ ​ရှောင်​ယဲ့မှာ အတန်းချိန်​နည်းပြီး လွတ်​တဲ့ချိန်​ပိုများတယ်​။ အဲ့ဒါ​ကြောင့်​ သူ ​နေ့တိုင်းလို ဝမ်​ကျိုနဲ့ ညစာအတူသွားစားမဲ့ လက်​ဖျားခါရ​လောက်​သည့်​ ဆုံးဖြတ်​ချက်​ကို ချက်​ချင်းလက်​ငင်း ချလိုက်​သည်​။

ထို​နေ့​ရောက်​​တော့, ဝမ်​ကျို့ရဲ့​နေ့လည်​ပိုင်း ​နောက်​ဆုံးအတန်းချိန်​က ကိုယ်​ကာယ​လေ့ကျင့်​​ရေးအချိန်​ ဖြစ်​သည်​။ ​ရှောင်​ယဲ့က​တော့ အားတဲ့အချိန်​ဖြစ်​သွားတယ်​။ အဲ့ဒါ​ကြောင့်​ပဲ, သူ ကြိုတင်​ပြီး​တော့ အားကစားကွင်းထဲသွားနှင့်​လိုက်​သည်​။ သူ basketball လည်း​လေ့ကျင့်​ချင်​​သေးတယ်​။ ပြီး​တော့ သူ့​ခွေးရူး​လေးဘာလုပ်​​နေလဲဆိုတာကိုလည်း အခန့်​သင့်​ကြည့်​လို့ရ​သေးတယ်​​လေ။

သူ အားကစားကွင်းထဲ​ခြေချလိုက်​သည်​နှင့်​, ကွင်းထဲက​နေ အား​ပေးသံအကျယ်​ကြီးကိုကြားလိုက်​ရသည်​။ ​ရှောင်​ယဲ့ ရပ်​လိုက်​ပြီး ​ဘေးနားမှာရှိတဲ့ဝါယာအကာအတန်းကို ​ကျော်​ပြီး လှမ်းကြည့်​လိုက်​သည်​။ အလယ်​မှာလူနှစ်​​ယောက်ရှိပြီး ​ဘေးမှာ​တော့ လူအများကြီးဝိုင်းထားတဲ့ ဘတ်​စကက်​​ဘောကွင်းကို ​တွေ့လိုက်​ရသည်​။ သူတို့ထဲကတစ်​​ယောက်​က သူ့အယ်​လ်​ဖာလွဲ၍အခြားလူမဟုတ်​​ပေ။

ပြီး​တော့ တစ်​ခြားတစ်​​ယောက်​က​တော့.....မ​မျှော်​လင့်​ထားသည့်​ ကျိုး​ရွေးဖြစ်​​နေသည်​။

ရှောင်​ယဲ့ မျက်​လုံးကို​မှေးလိုက်​ပြီး ကြည့်​ဖို့ ခပ်​လှမ်းလှမ်းမှာ​နေရာယူလိုက်​သည်​။ ခုဏကအား​ပေးသံ​တွေက ကျိုး​ရွေးအတွက်​ဆိုတာ သိသာတယ်​။ ကျိုး​ရွေးရဲ့မျက်​နှာက ​ချွေး​တွေနဲ့ရွှဲ​နေပြီး သူ့ပုံက​မော​နေသည့်​ဟန်​​ပေါက်​​နေသည်​။ ဒါ​ပေမဲ့ သူ့​ဘေးနားမှာရှိတဲ့လူ​တွေကို သူ့လက်​​မောင်းကကြွက်​သား​တွေကို ကြွား​နေရင်း, သူ့ဘာသာသူ ဟန်​ချီချီကခုန်​​နေသလို သူက ဂုဏ်​ယူဝင့်​ကြွားစွာဖြင့်​ ရယ်​​မောလို့​နေ​သေးသည်​။ 

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now