Zawgyi
ဝမ်ကျို့ဆီက အတိတ်ကဖြစ်ရပ်တွေကို ပြန်လည်ပြောပြခြင်းက အဆုံးသတ်သွားပေမဲ့လည် ရှောင်ယဲ့ကတော့ သူ့မှတ်ဥာဏ်ထဲမှာ နစ်မြုပ်နေတုန်းပင်။ ဝမ်ကျိုက သူ့ကိုသတိပြန်ဝင်လာဖို့ ညင်ညင်သာသာလေးခေါ်တဲ့အထိ သူ နစ်မြုပ်နေခဲ့သည်။"အဲ့တော့ မင်းက ငါ့ကို မင်း အလယ်တန်းပထမနှစ်ထဲက ကြိုက်နေတာပေါ့?"
ရှောင်ယဲ့ မယုံကြည်နိုင်ဘဲ မေးတောလိုက်သည်။ဝမ်ကျိုက ခေါင်းငြိမ့်လေသည်။ သူ့မျက်နှာထားက နူးညံ့နေပြီး နက်ရှိုင်းလေးနက်နေသည်။ အတိတ်ကာလ ငယ်ရွယ်မှုအသွင်အပြင် ဆက်ပြီးမရှိတော့ပေမဲ့လည်း ရင့်ကျက်ကာလဝင်လာတဲ့ တည်ငြိမ်ပြီး ကြည့်ကောင်းတဲ့ ယောက်ျားတစ်ဦးသွင်ပြင်ကတော့ နည်းနည်းပေါ်လွင်နေပြီဖြစ်သည်။ ဝမ်ကျို့အနေနဲ့ နည်းနည်းတော့ငယ်သေးတာကြောင့် ရိုးအတဲ့ အရိပ်အယောင်က သူ့ထံတွင်ပေါ်လွင်နေသေးသည်။
ဝမ်ကျို သူ့ကိုသဘောကျနေတယ်ဆိုတာ ရှောင်ယဲ့အမြဲတမ်း သတိထားမိတယ်။ တကယ်တမ်းတော့ ဝမ်ကျိုက သူတို့ပထမဆုံးတွေ့တဲ့နေ့မှာပဲ သူ့ကိုဖွင့်ပြောခဲ့ခြင်းပင်။ ရှောင်ယဲ့အနေနဲ့ သူငြင်းခဲ့တာကို သေသေချာချာ စဉ်းစားဆုံးဖြတ်ခဲ့တယ်ဆိုတာတောင်မှ ရှောင်ယဲ့ အဲ့ဒီ့ခံစားချက်တွေကို ဘယ်တော့မှ အထင်မသေးခဲ့ဘူး။
ဒါပေမဲ့ သူ လုံးဝကို ဝမ်ကျိုရဲ့သူ့အပေါ်ခံစားချက်တွေက သူထင်ထားတာထက်ပိုပြီး ကြာလကြာရှည်ပြီး ချစ်မြတ်နိုးနေလိမ့်မယ်လို့ စိတ်ကူးမကြည့်ခဲ့ဘူး။
အထက်တန်းကျောင်း ပထမနှစ်ကနေ တက္ကသိုလ် ပထမနှစ်အထိဆို ၆နှစ် နီးပါးရှိနေပြီ။ တစ်စုံတစ်ယောက်ကို တိတ်တဆိတ်ချစ်မြတ်နိုးနေတယ်ဆိုတာ ဘယ်လိုမျိုးလဲ? အဲ့အချစ်ရဲ့ ပူပင်သောကဒဏ်ကို ရှောင်ယဲ့ မတွေးကြည့်နိုင်ပေ။
"ဘာလို့ ငါ့ကိုပြန်ပြီးတော့ မင်းပြန်မပြောတာလဲ?"
"အဲ့တုန်းက ကျွန်တော်က အရမ်းငယ်သေးတယ်လေ။ ရွှဲကျန်းကလည်း ကျိန်းသေကို အဲ့ကိစ္စကို မည်မည်ရရကိစ္စဆိုပြီး တွေးမှာမဟုတ်ဘူး......ပြီးတော့ ကျွန်တော်က ရွှဲကျန်းနဲ့ မထိုက်တန်ဘူးလို့ ကျွန်တော် တွေးခဲ့မိတာမို့..."
YOU ARE READING
ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]
RomanceStatus: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh! My Dear Alpha My update will be in weekdays! I cherish this novel so much. So, I want to translate...