အခန်း(၅၈)/အခနျး(၅၈)

25.7K 2.8K 234
                                    

Zawgyi

ရှောင်​ယဲ့ သူ့ရဲ့ချစ်​ခင်း​မေတ္တာ​တွေကို လူပုံအလယ်​ထင်​ထင်​ရှားရှားပြသပြီးတဲ့အချိန်​မှာ​တော့, the Most Meng CP စာရင်းအတွက်​ သူတို့နှစ်​​ယောက်​ရဲ့ vote က ဒုတိယ​နေရာမှာရှိတဲ့ အတွဲထက်​ ​တော်​​တော်​က​လေးကိုများeသွားပြီး ​နောက်​ဆုံး​တော့ gp chat ထဲမှာရှိ​တဲ့လူ​တွေလည်း အကျပ်​ကိုင်​ခံရပြီး​နေ့တိုင်း သူ့ကိုကူပြီး vote ​ပေးစရာမလို​တော့ဘူး။

ဝမ်​ကျိုက​တော့ အဲ့အ​ကြောင်းကိုအခုထက်​ထိမသိရှာဘူး။ ​​ရှောင်​ယဲ့ရဲ့စိတ်​အ​ခြေအ​နေက အခုတ​လော အ​တော်​က​လေး​ကောင်း​နေတာကို ​တွေ့ရ​တော့, သူ သိချင်​စိတ်​ပြင်းပြသွားပြီး ​မေးမြန်းကြည့်​လိုက်​တယ်​,
"​ကောင်းတဲ့ကိစ္စတစ်​ခုခု ဖြစ်​လို့လား?"

ရှောင်​ယဲ့ ဝမ်​ကျို့ကို အားပါးတရအံ့သြသွား​စေချင်​တာ​ကြောင့်​ သူ သူ့ကိုယ်​သူ ချုပ်​ထိန်းလိုက်​ပြီး အဲ့အ​ကြောင်းကိုအစ​မ​​ဖော်ေ​တာ့​ပေ။ သူ ဒီအတိုင်း ဝမ်​ကျို့​ခေါင်း​လေးကိုသာ ပွတ်​သပ်​ပြီး, "ဘာမှမဟုတ်​ပါဘူး, လာ​လေ့ကျင့်​​ချေ"

လေ့ကျင်​တယ်​ဆိုပြီး​ခေါင်းစဉ်​တပ်​တဲ့အရာက အရင်​က​ဆွေး​နွေးခဲ့တဲ့ အနမ်းစ​ကေးတိုးတက်​​အောင်​လုပ်​တာပင်​။ vote ဆု​ပေးပွဲ​ရောက်​ဖို့ ရက်​နည်းနည်း​ပဲ ရှိ​တော့တယ်​။ သူအားတဲ့ဘယ်​အချိန်​မဆို, ​ရှောင်​ယဲ့က ဝမ်​ကျိုနဲ့​ ​လေ့ကျင့်​မှာဖြစ်​ပြီး ဝမ်​ကျိုကလည်း အဲ့ဒါကို ဝမ်းသာအားရ လက်​ခံသည်​။ တဖြည်းဖြည်းနဲ့ သူသတ္တိလည်းရှိလာပြီး, သူတို့​တွေ အပြင်​​ရောက်​​နေတဲ့အချိန်​မှာ​တောင်​, တကယ်​လို့များ သူ့ရဲ့အိုမီဂါ​လေးက ​တောင်းတခဲ့မယ်​ဆိုရင်​, ဝမ်​ကျို သူ့ကို လူသူကင်းမဲ့​နေမဲ့​ထောင့်​တစ်​​နေရာကို ဆွဲသွင်းပြီး ပွတ်​သပ်​​ပေးလိုက်​မှာပင်​။

သူတို့အတွက်​ ပထမ​နေရာရယူဖို့ လုံလုံ​လောက်​​လောက်​ပြင်​ဆင်​ထားတာ​တွေက ​နေရာတကျဖြစ်​​နေပြီဆို​ပေမဲ့ voting deadline မတိုင်​ခင်​ညမှာ မ​မျှော်​လင့်​ထားတာ တစ်​ခုခုဖြစ်​သွားခဲ့တယ်​။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now