Zawgyi
အပိုချပ် အခန်း(၂) - အပိုင်း(၃)
[ Mature content include, and kids under18 blah blah,......whatever i say, you guys don't care about age, i know ]
ပွဲမှာ ကုမ္ပဏီအတွင်းပိုင်းဝန်ထမ်းတွေစီစဉ်ထားတဲ့ performance တွေလည်း တော်တော်များများပင်။ တစ်ခုပြီးတစ်ခု, စင်ပေါ်မှာ နေရာအလှည့်ကျယူနေကြသည်။ ရှောင်ယဲ့ကို ဝမ်ကျိုခေါ်လာတာဖြစ်သည့်အတွက် သူတို့နှစ်ယောက်လုံး အတူတူထိပ်ဆုံးပိုင်းစားပွဲမှာ နေရာချပေးခြင်းခံလိုက်ရသည်။ ပွဲစဉ်အတွင်း, ဝမ်ကျိုက စင်ပေါ်ကိုမိန့်ခွင်းပြောဖို့ ဖိတ်ခေါ်ခံလိုက်ရတာကြောင့် ရှောင်ယဲ့ သူ့ကိုကြည့်ဖို့ နေရာယူလိုက်တယ်။ သူသတိလက်လွတ်ဖြစ်နေချိန်မှာ, သူ့ဘေးနားမှာထိုင်နေတဲ့ အသက်ကြီးကြီးဝန်ထမ်းက သူ့လက်မောင်းကို လာထိသည်။
"ဟဲလို, အကိုကြားတာကတော့ မင်းက ရှောင်ကျို့ရဲ့စီနီယာဆို?"
ရှောင်ယဲ့ သဘောတူကြောင်းပြသည့်အနေဖြင့် 'အင်း' ဟု ခပ်တိုးတိုးအသံပြုလိုက်သည်။
"မင်း သူ့အိုမီဂါနဲ့ရင်းနှီးလား?"
"ကျွန်တော်နဲ့ သူ့အိုမီဂါနဲ့က တော်တော်လေး ရင်းနှီးတယ်လို့ သတ်မှတ်လို့ရတယ်ဗျ"
"အဲ့ဒါဆိုရင်တော့, မင်း သူ့ကို ဂရုစိုက်ဖို့ သတိပေးရတော့မယ်, မင်း အဲ့နေရာမှာထိုင်နေတဲ့ ဟိုအိုမီဂါကိုမြင်လား?", ထိုဝန်ထမ်းက ခုဏတုန်းက သူနဲ့စကားပြောခဲ့တဲ့ အိုမီဂါထိုင်နေတဲ့ နေရာတည့်တည့်ကို လက်ညှိုးထိုးပြလာသည်။
"အဲ့ဒါက အရမ်းမောက်မာတဲ့ အကိုတို့ဋ္ဌာနရဲ့ မန်နေဂျာလေ။ သူ ရှောင်ဝမ့်ကိုကြိုက်နေတာ အကိုတို့အကုန်လုံး ရိပ်မိပြီးသား, ရှောင်ဝမ်က အလုပ်ရှင်ဆိုပေမဲ့, သူက ဒီလိုကိစ္စရပ်တွေမှာဆို နည်းနည်းတုံးတယ်လေ, အဲ့ဒါကြောင့် သူကတော့ အဲ့ဒါကို လုံးဝမရိပ်မိဘူး။ အကိုတို့တွေ လွန်ခဲ့ရက်အနည်းငယ်တုန်းက စီးပွားရေးခရီးသွားတော့ သူက ဝမ်ကျို့အပေါ်အကြံ "အောင်တော့မလိုတောင်ဖြစ်သွားသေး
YOU ARE READING
ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]
RomanceStatus: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh! My Dear Alpha My update will be in weekdays! I cherish this novel so much. So, I want to translate...