အပိုချပ်​(၂.၄)/အပိုခပျြ(၂.၄)

17.2K 2.3K 124
                                    

Zawgyi

အပိုချပ်​ အခန်း(၂) - အပိုင်း(၄)

မနက်​​စော​စောအချိန်​ဝယ်​, ဝမ်​ကျိုခမျာ အစားအ​သောက်​ရနံ့​ကြောင့်​ နိုးသွားသည်​။

မ​နေ့ညကလည်း သူ ​အစာကိုအများကြီးမစားခဲ့ရဘူး, ပြီး​တော့ အားစိုက်​ခွန်​စိုက်​လုပ်​ရတဲ့​လေ့ကျင့်​ခန်း​ကြောင့်​ အားအ​တော်​​လေးသုံးလိုက်​ရတယ်​​လေ, အဲ့ဒါ​ကြောင့်​ ဒီအချိန်​မှာ, သူ့ရဲ့အစာအိမ်​က ဆာ​လောင်​မွတ်​သိပ်​မှု​ကြောင့်​ မ​ကျေမနပ်​မြည်​ဟီး​နေသည်​။

အစားအ​သောက်​ရနံ့ခပ်​​ဖျော့​ဖျော့က သူ့ကို နိုးသွား​စေတာ​ကြောင့်​, ဝမ်​ကျိုလည်း မျက်​လုံး​တွေကို ပွတ်​သပ်​ကာဖွင့်​လိုက်​သည်​။ ထို့​နောက်​, ဟိုတယ်​မနက်​စာစားရတဲ့စားပွဲခုံ​ပေါ်မှာ​ထိုင်​​နေပြီး ​ရေချိုးခန်းဝတ်​ရုံဝတ်​ထားတဲ့ သူ့အိုမီဂါရဲ့ ​ခြေ​ထောက်​သွယ်​သွယ်​ရှည်​ရှည်​​တွေကို ဝမ်​ကျို ​တွေ့လိုက်​ရသည်​။

"ယို, နိုးပြီလား?", လို့ ​ရှောင်​ယဲ့အ​မေးစကားဖြင့်​ နှုတ်​ခွန်းဆက်​စလိုက်​သည်​။

နည်းနည်း အရက်​နာကျသွားတာ​ကြောင့်​ ဝမ်​ကျို ​ခေါင်းကိုက်​​နေ​ပေမဲ့, သူက​တော့ပြုံး​နေပြီး ပြန်​​ဖြေ​နေတုန်းပင်​,
"အွန်း, ​ရှောင်​ယဲ့​ရော မ​နေ့ညက ​ကောင်း​ကောင်းအိပ်​​ပျော်​ရဲ့လား........ဟင်​.......?"

ဝမ်​ကျို့မျက်​နှာ​ပေါ်မှာရှိ​နေသည့်​အပြုံးက ဖြည်းဖြည်းချင်း တောင့်​ခဲသွားသည်​။

အခန်းထဲကကြမ်းပြင်​​ပေါ်မှာ တွန့်​​ကြေမွ​နေပြီး ပြန့်​ကျဲ​နေသည့်​အဝတ်​​တွေရှိ​နေသည်​။ တစ်​ချက်​ကြည့်​ရုံနဲ့တင်​, အဲ့အဝတ်​​တွေက အကြမ်းပတမ်းဆွဲဖြဲခံထားရတယ်​ဆိုတာ သူ​ပြောနိုင်​တယ်​။ သူ့တစ်​ကိုယ်​လုံး အဝတ်​မဲ့​နေပြီး ​ရှောင်​ယဲ့ကလည်း သူ့ရဲ့​ရေချိုးခန်းဝတ်​ရုံ​အောက်​မှာ ဘာမှမဝတ်​ထားဘူးဆိုတာ သိသာ​နေ၏။ တစ်​ပိုင်းတစ်​စပွင့်​ဟ​နေတဲ့ လည်​အဟိုက်​က သူ့ရဲ့ရင်​ဘက်​တစ်​ဝက်​အထိပြန့်​ကျဲ​နေသည့်​ ဒွိဟဖြစ်​စရာအနီ​ရောင်​အမှတ်​​တွေကို ပြသ​နေ၏။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now