အခန်း(၂၄)/အခနျး(၂၄)

17.3K 2.9K 229
                                    

Zawgyi
နောက်​ဆုံး​ည​နေခင်းအချိန်​ကို​ရောက်​တဲ့အခါမှာ​တော့ ​ရှောင်​ယဲ့ရဲ့ အတန်း​ဖော်​​တွေက ​ကျောင်းတည်​​ထောင်​ခြင်းနှစ်​ပတ်​လည်​​နေ့ ပြပွဲမှာ သူတို့ပရိုဂမ်​က ပထမဆုကိုဆွတ်​ခူးနိုင်​ခဲ့တာ​ကြောင့်​ ​ကျောင်းဝင်းပရဝုဏ်​အပြင်​ဘက်​မှာ ပါတီကျင်းပဖို့ အစီအစဉ်​ဆွဲ​နေကြသည်​။
ဝမ်​ကျို့နဲ့သူ့မှာလုပ်​စရာကိစ္စရှိ​သေးတာကို ​တွေးမိသွားပြီး​ရှောင်​ယဲ့ ငြင်းလိုက်​ချင်​​ပေမဲ့ သူစကားမ​ပြောနိုင်​​သေးခင်​မှာပဲ ​ရှောင်​​ရှောင်​ဆီက​နေ မက်​​ဆေ့ခ်ျ​တစ်​​စောင်​ သူလက်​ခံလိုက်​ရသည်​။

[လျို့ဟန်​​ပြောတာ မင်းတို့အတန်း ဒီ​နေ့ညပါတီရှိတယ်​ဆို? ငါ့အစားသူ့ကိုဂရုစိုက်​​ပေးထားစမ်းပါ။သူ့ကိုအများကြီးမ​သောက်​ခိုင်းနဲ့]

သူအရက်​မမူးမချင်း အိမ်​မပြန်​ဘူးလို့​အော်​ဟစ်​​နေတဲ့ တက်​ကြွတဲ့ကြက်​ဖလျို့ဟန်​ကို ​ရှောင်​ယဲ့ တစ်​ချက်​​ဝေ့ကြည့်​လိုက်​သည်​။ ​ခေါင်း​တောင်​တဒိန်းဒိန်းနဲ့ ကိုက်​လာပြီ။
"အို​ကေ" ဆိုတဲ့စကားလုံးကိုပဲ စာပြန်​လိုက်​သည်​။

အတန်းကလူ​တွေက​တော့ ဘားကို​ကျောင်း​ဘေးနားက ဘားကိုပဲ ​ရွေးလိုက်​ကြသည်​။ဆောင်းရာသီတွင်​ ​နေဝင်​ဆည်းဆာက မြန်​မြန်​ပင်​​ရောက်​လို့လာသည်​။ ထို့​ကြောင့်​ပဲ ဘားသည်​လည်း ​စော​စောဖွင့်​​လေသည်​။ သူတို့​ရောက်​တဲ့အချိန်​မှာဆို ဘားကလူ​တောင်​ပြည့်​​နေပြီ။ သူတို့ထဲကလူ​တော်​​တော်​များများက Tတက္ကသိုလ်​က​ကျောင်းသား​တွေနဲ့ ရင်းနှီးကြသည့်​လူများပင်​။

ရှောင်​ယဲ့အ​နေနဲ့က​တော့ ဒီလို​နေရာမျိုး​တွေကို လာရတာမကြိုက်​​ပေ။ အ​ကောင်းနဲ့အဆိုးက အမြဲဒွန်​တွဲ​နေပြီး သူတို့ရဲ့ခန္ဓာကိုယ်​​အောက်​ပိုင်းကို ထိန်းချုပ်​နိုင်​စွမ်းမရှိတဲ့ အယ်​လ်​ဖာတစ်​ချို့ဆိုရင်​ လက်​လွတ်​စပယ်​သူတို့ရဲ့ pheromone ​ကို​တောင်​ ထုတ်​လွှတ်​​နေ​သေးတယ်​။ heat တက်​ခါနီးအကြိုဖြစ်​​နေတဲ့ အိုမီဂါ​တွေအတွက်​​တော့ ဒါကအရမ်းကိုပဲ အန္တရာယ်​ရှိတယ်​။ သို့ဖြစ်​​စေကာမူ သူ့ကို​တော့ သူ့အတန်း​ဖော်​အ​ယောက်​၂၀နီးပါး​လောက်​က ဝိုင်းထားတာဆို​တော့ သူအရက်​မ​သောက်​မချင်း ဘာမှဖြစ်​လာမှာမဟုတ်​ဘူး။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now