Zawgyi
သူ့နားထဲမှာ ငှက်အသံပိကျိပိကျိတွေကို ရေးရေးလေးကြားနေရတယ်။ သူ့နှာခေါင်းနားမှာရစ်ဝဲနေတဲ့ ပိုးသတ်ဆေးအနံ့ပါးပါးကိုလည်း ရနေသေးတယ်။ရှောင်ယဲ့ မျက်လုံးကိုဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူ့မျက်လုံးရှေ့မှာမြင်နေရတဲ့အရာတွေအားလုံးက အဖြူရောင်တွေချည်းပဲ။ အဖြူရောင်မျက်နှာကျက်, အဖြူရောင်နံရံ, အဖြူရောင်အိပ်အခင်း, ပြီးတော့.........အဖြူရှောင်တီရှပ်နဲ့ လူတစ်ယောက်။
သူ့အိပ်ရာဘေးနားမှာအိပ်မောကနေတဲ့ ဝမ်ကျို့ဆီကို လက်လှမ်းပြီး တွန်းလိုက်ချင်ပေမဲ့ နောက်တော့မှ သူ့ဘယ်ဘက်လက်ကို အဖြူရောင်ကျောက်ပတ်တီးစည်းထားတာကို ရှောင်ယဲ့ သိလိုက်ရသည်။
"Oh......"
တစ်ချို့သောအကြောင်းတွေကြောင့် သူ့လည်ချောင်းက အက်ရှလို့နေသည်။ နောက်တစ်ကြိမ်အော်ခေါ်ဖို့ကြိုးစားရင် သူ့တံတွေးသူ ခဏခဏမျိုချနေရသည်။ သို့ပေမဲ့, သူ့ရဲ့မသိမသာလှုပ်ရှားမှုကြောင့် ဝမ်ကျို ချက်ချင်းကို ခေါင်းထောင်လာသည်။ ဝမ်ကျို့ရဲ့နီရဲနေသည့်မျက်လုံးတွေက အနီရောင်တွေဝန်းရံထားစလိုဖြစ်နေပြီး မျက်လုံးအောက်မှာလည်း အမဲရောင်အကွင်းလိုက်က မျက်လုံးကိုဝန်းရံထားသည်။
(T/n မျက်ကွင်းညိုနေတာပါ။ ဆေးကွင်းထားသလို အကွင်းလိုက်ညိုနေတာ)
"စီနီယာ! စီနီယာဘယ်လိုနေလဲ?"
သူ မြန်မြန်ဆန်ဆန် ခပ်ဝေးဝေးကိုရွေ့သွားပြီး,
"ကျွန်တော် လာစစ်ဆေးဖို့ဆရာဝန်သွားခေါ်လိုက်ဦးမယ်"ရှောင်ယဲ့ သူ့ကိုအော်လိုက်သည်။
"မသွားနဲ့, *အဟွတ် အဟွတ်*.......""အိုကေ,အိုကေ, ကျွန်တော်မသွားတော့ဘူး, စိတ်မလှုပ်ရှားနဲ့။ စကားကို ဖြည်းဖြည်းလေးပြောနော်"
ရှောင်ယဲ့ ဝမ်ကျို့ရဲ့နေမထိမထိုင်သာဖြစ်နေတဲ့ မျက်နှာကိုကြည့်လိုက်ပြီး သူ့မျက်နှာပေါ်ဒဏ်ရာတွေကြောင့် နည်းနည်းနာတယ်ဆိုပေမဲ့ မနေထိုင်ဘဲ တခစ်ခစ်ရယ်မိသွားသည်။
YOU ARE READING
ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]
RomanceStatus: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh! My Dear Alpha My update will be in weekdays! I cherish this novel so much. So, I want to translate...