အခန်း(၃၃)/အခနျး(၃၃)

18.2K 2.9K 171
                                    

Zawgyi
ပိတ်​ရက်​မှာ တက္ကသိုလ်​က​ပေးတဲ့ assignment အများကြီး မရှိတာ​ကြောင့်​ လုံးဝ​အေး​အေး​ဆေး​ဆေးပဲ။ သူတို့နှစ်​​ယောက်​ ကွန်​ပြူတာထဲက ဇာတ်​လမ်းကိုကြည့်​ပြီး ​နေ့လည်​​ရောက်​​တော့, ​ရှောင်​ယဲ့ အိပ်​ချင်​သလိုခံစားရတာ​ကြောင့်​ ထပ်​ပြီးအိပ်​ရာထဲဝင်​​ခွေလိုက်​သည်​။ ည​နေပိုင်း သူနိုးတဲ့အချိန်​မှာ ဝမ်​ကျိုက ပန်းကန်​​ဆေးတာပြီး​တောင်​ပြီး​နေပြီ။ ပြီး​တော့ သူ့ဖုန်းထဲက​နေ ချက်​နည်းပြုတ်​နည်းအချို့ကို ကွယ်​ကာကြည့်​​နေ​လေသည်​။
ရှောင်​ယဲ့ ဝမ်​ကျို့​ဘေးနားကို အ​ပြေး​လေးသွားကာ ​ခေါင်း​ဆောင်​စားဖိုမှူးတစ်​​ယောက်​ရဲ့ ကြီးမား​လေးလံတဲ့ တာဝန်​ကို လက်​လွှဲယူလိုက်​သည်​။

ည​နေ​ရောက်​​တော့ ကျိုယဲ့က အလုပ်​က​နေ ၈နာရီဝန်းကျင်​​လောက်​မှာ ပြန်​​ရောက်​လာသည်​။ ​ရှောင်​ယဲ့လည်း ဝမ်​ကျို့ရဲ့ ဧည့်​ခန်းထဲမှာ TV အတူတူကြည့်​​နေတာဖြစ်​တာ​ကြောင့်​ တံခါးဖွင့်​တဲ့အသံ သူကြားလိုက်​ရတဲ့အခါ သူ မြန်​မြန်​ဆန်​ဆန်​ ထရပ်​လိုက်​ပြီး အဲ့​နေရာကို ​လျှောက်​သွားလိုက်​သည်​။

"​​ကော, ထမင်းစားပြီးပြီလား?"

ကျိုယဲ့ သူ့ကုတ်​အင်္ကျီကို ချွတ်​ရင်း,
"အခုထိမစားရ​သေးဘူး, အိမ်​ထမင်းဟင်းလက်​ကျန်​​လေးများ ရှိ​သေးလား?"

"ရှိတယ်​, ကျွန်​​တော်​ အကိုကြီးအတွက်​ ​နွှေး​ပေးမယ်​"

ဝမ်​ကျိုက TV ကိုပိတ်​လိုက်​ပြီး သူတို့ဆီ​ရောက်​လာသည်​။
"ရွှဲကျန်း, ကျွန်​​တော်​ လုပ်​လိုက်​မယ်​"

ရှောင်​ယဲ့အ​နေနဲ့ သူက ကျိုယဲ့ကို အရင်​​မေးလိုက်​တာဖြစ်​တာ​ကြောင့်​ ဒီအတိုင်းကြီး, တစ်​ခြားတစ်​​ယောက်​က သူ့​နေရာကိုဝင်​ပြီး အဲ့ဒါကိုလုပ်​လို့ရမဘူး။
"ငါလုပ်​ပါ့မယ်​။ မင်းတက်​ပြီး အရင်​သွားနား​တော့"

"ကျွန်​​တော်​ မပင်​ပန်းဘူး"

"မင်းကို​ပြောတဲ့အတိုင်း လုပ်​စမ်းပါ။ အခန်းထဲကိုသွားပြီး ငါ့ကို​စောင့်​​နေ"

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now