Zawgyi
သူနိုးလာတဲ့အချိန်မှာ အရာအားလုံးက ပိန်းပိတ်အောင်မှောင်နေသည်။ရှောင်ယဲ့ သူ့ရဲ့အလွန့်အလွန်နာကျင်နေတဲ့ လည်ပင်းကို နည်းနည်း ဟိုဘက်သည်ဘက်ချိုးပေးလိုက်သည်။ ဗြုန်းစားကြီး, တော်တော်လေးကိုတောက်ဖြာထွက်နေတဲ့ အလင်းရောင်က သူ့မျက်လုံးထဲကိုထိုးဖောက်ဝင်လာသည်။ ရှောင်ယဲ့ မျက်လုံးကို တင်းတင်းပိတ်ပစ်လိုက်ပြီး, နောက်ခဏတစ်ဖြုတ်လောက်ကြာမှ, ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ချက်ချင်းကိုပင် သူ့အရှေ့ကလူလေးယောက်ကို မြင်လိုက်ရသည်။
လူလေးယောက်ထဲမှာ သူသိတဲ့တစ်ယောက်သောသူက ယို့ရီပဲ။ တစ်ခြားလူတွေထဲက တစ်ယောက်ရဲ့လက်ထဲမှာ အလင်းကိုကာထားပြီး ခုဏလေးတင်ကမှသူ့ခေါင်းပေါ်မှာ ရှိခဲ့တာသိသာနေတဲ့ အဝတ်စအိတ်တစ်ခုရှိနေတယ်။
"Hi"
ရှောင်ယဲ့ သူတို့ကိုနှုတ်ဆက်လိုက်ပြီး ချက်ချင်းကိုပင် သူ့လက်တွေအချည်ခံထားရတာကို သိလိုက်ရသည်။"ယို, မင်းက ဒီလိုကစားရတာမျိုးကြိုက်တာလား? ဒီအကြိုက်က တော်တော်လေး အစွန်းရောက်တယ်နော်"
ယို့ရီဒေါသထောင်းခနဲထွက်သွားပြီး, "ကျန့်ရှောင်ယဲ့, အခုတော့ မင်းကိုမင်းမာန်တက်နေနှင့်ဦး, စောင့်ပြီး မင်းဘယ်လိုငိုယိုပြီး ငါ့ကိုတောင်းပန်မလဲဆိုတာ ကြည့်ရအောင်"
"မင်း တော်တော်လေး စိတ်ကူးယဉ်နေတာပဲ။ ငါမထွက်လာခင်က ဝမ်ကျို့ကိုပြောခဲ့တယ်။ အဲ့ဒီတော့, သူငါ့ကိုလာရှာဖို့ တော်တော်လေးကြာလိမ့်မယ်လို့တော့ ငါမထင်ဘူး"
ရှောင်ယဲ့ စကားကိုရွှန်းရွှန်းဝေအောင်ပြောနေရင်းနဲ့ပဲ သူအခွင့်အခါကိုရှာဖို့ တစ်ခြားလူတွေကိုလည်း အကဲဖြတ်နေမိသည်။
ဒီနေရာက ကျောင်းအထွေထွေပစ္စည်းတွေ သိုလှောင်တဲ့ စတိုခန်းဖြစ်ရမယ်။ နေရာက အလွန်ဝေးလံပြီး လူတွေလာတာလည်း ရှားတယ်။ ယို့ရီမဟုတ်တဲ့တစ်ခြားလူတွေ အကုန်လုံးက အယ်လ်ဖာတွေနေမယ်, ခေါင်းအစခြေအဆုံးကနေ အန္တာရယ်ပြုမည့်ရိသဲ့သဲ့အရိပ်အယောင်တွေ ထုတ်လွှတ်လို့နေတယ်။ တကယ်လို့ သူသာ အချည်မခံထားရဘူးဆိုရင်, ရှောင်ယဲ့ သူတို့ထဲကနှစ်ယောက်လောက်ကို ကိုင်တွယ်နိုင်မှာ။ ဒါပေမဲ့ ဒီလိုမျိုး အချည်ခံထားရတော့....တစ်ယောက်ဆိုရင်တောင်မှ နည်းနည်းခက်ခဲလိမ့်မယ်။
YOU ARE READING
ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]
RomanceStatus: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh! My Dear Alpha My update will be in weekdays! I cherish this novel so much. So, I want to translate...