အခန်း(၅)/အခနျး(၅)

21.3K 3.2K 68
                                    

Zawgyi
ဝမ်​ကျို ​ပြေးလို့ပြီး​တော့ ​လေ့ကျင့်​ချိန်​က ပြီးခါနီး​နေပြီ။ ဒါ​ပေမဲ့ သူက​တော့ ​ပျော်​​ပျော်​ရွှင်​ရွှင်​နဲ့ အမြန်​ကမန်းကတန်း
ပြေးသွားတာ​ကြောင့်​ ​ရှောင်​ယဲ့ရဲ့ ​နောက်​ဆုံးပစ်​ချက်​ကို
ကြည့်​ဖို့ အချိန်​မှီ​ရောက်​သွားသည်​။

"​ကောင်းလိုက်​တာ! ရွှဲကျန်းရဲ့ ပစ်​ချက်​က တည့်​​နေတာပဲ!" သူက​တော့ ​ဘေးဘက်​က​နေ ​တော်​​တော်​​လေးကို အား​ပေးပြီး​တော့ လက်​ခုပ်​တီး​နေ​တော့သည်​။

ရှောင်​ယဲ့: " ပါးစပ်​ပိတ်​ထား"

လာပြီး​တော့ တစ်​​ယောက်​​ယောက်​ ဒီ​ကောင်​​လေးကို ဆွဲထုတ်​သွား​ပေးပါ၊ ဟင်​?

ခဏ​လောက်​ကြာ​တော့ အခန်း​ခေါင်း​လောင်းကမြည်​လာသည်​။ ​နောက်​အခန်းက ​ကျောင်းသား​တွေ အားကစား
ကွင်းထဲ ဝင်​လာသည်​။ အစကတည်းက ရှုပ်​​နေတဲ့ အားကစားကွင်းကြီးက ​နောက်​တစ်​ကြိမ်​ ဆူညံသွားပြန်​သည်​။ ဒါ​တွေအကုန်​လုံးက စိတ်​အ​နှောင့်​အယှက်​​တွေလို့ ​ရှောင်​ယဲ့ ထင်​သည်​။ တကယ်​တမ်းက သူ လူ​တွေ အများကြီးနဲ့ စကား​ပြောရတာမျိုး မကြိုက်​ဘူး။ ဒါ​ကြောင့်​မို့ သူ ထွက်​သွားဖို့​တောင်​ အသင့်​ဖြစ်​​နေပြီ။

ဘာကပိုပြီး​တော့ စိတ်​​အ​နှောင့်​အယှက်​ဖြစ်​ရတာလဲ
ဆို​တော့ သူ့နားနားကို ကပ်​ပြီးစကားလာ​ပြော​နေတဲ့ 
နောက်​တစ်​​ကောင်​ရှိ​နေတာပဲ။

ဝမ်​ကျို: " ရွှဲကျန်း ၊ ရွှဲကျန်း၊ ရွှဲကျန်းက ဘက်​စကက်​​ဘော ​ကောင်​​ကောင်းကစားတတ်​တာပဲ။ ကျွန်​​တော့်​ကို သင်​​ပေးလို့ရမလား?"

ကျန့်​​ရှောင်​ယဲ့သာ လူ​တွေကို သည်းခံနိုင်​စွမ်းရှိခဲ့မယ်​ဆိုရင်​ သူ့ကို ဒီအ​တောအတွင်း Tတက္ကသိုလ်​ရဲ့ ​ကြောက်​ဖို့​ကောင်းတဲ့ "ယဲ့​ကော" ဆိုပြီးလို့ သိကြမှာမဟုတ်​ဘူး။

သူအဲ့တာကို သည်းခံခဲ့ပါတယ်​။ ဒါ​ပေမဲ့ ​နောက်​ဆုံး​တော့ သူ သူ့ကိုယ်​သူ ချုပ်​တည်းမထားနိုင်​​တော့ဘူး။
"မင်း လုံးဝမရပ်​​တော့ဘူးလား?"

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now