Zawgyi
သို့ပေမဲ့လည်း ရှောင်ယဲ့ ကျောင်းလည်းပြန်ရောက်ရော အဲ့အကြောင်းအကုန်မေ့သွားသည်။
minor courses တွေ သိပ်မများတာကြောင့် တစ်ခါတစ်လေဆို တစ်ရက်ကို ၂ချိန် ၊ ၃ချိန်ပဲ ရှိတယ်။ သူ့ထက်၂နှစ်ငယ်တဲ့ ပထမနှစ်လေး ဝမ်ကျိုကတော့ အတန်း ၄ချိန်၊ ၅ချိန်လောက်ရှိတာကြောင့် ညတိုင်း ပိုပြီးတော့ ပင်ပန်းရတယ်။ တစ်ခါတစ်လေဆို သူ ညဘက်တွေတောင် အတန်းသွားတက်ရတယ်။ အဲ့တာတောင် သူက ရှောင်ယဲ့နဲ့ ည၁၀နာရီဆို ရှောင်ယဲ့ကိုအကသင်ပေးဖို့ အချိန်းအချက်ကိုတောင် ပျော်ပျော်ရွှင်ရွှင်နဲ့ သဘောတူသွားသေးတယ်။တနင်္လာနေ့ ကိုယ်ကာယလေ့ကျင့်ရေးအတန်းမှာ ရှောင်ယဲ့ ပုံမှန်အတိုင်းပဲ ကွင်းထဲမှာ ဘက်စကက်ဘော ဆက်ဆော့နေလိုက်သည်။ ဒီနေ့တော့ ဝမ်ကျို့မှာ လေ့ကျင့်ခန်းလုပ်စရာမရှိတာကြောင့် ဘေးလိုင်းမှာ မတ်တပ်ရပ်ပြီး fanboy လို အားပေးရင်း ကြည့်နေလေရဲ့။
ရှောင်ယဲ့ ဘက်စကက်ဘောကို ဒီအတိုင်းပဲအပျော်အနေနဲ့ ဆော့ဖြစ်တာ။ အရမ်းကြီး ကြိုးကြိုးစားစားတော့မဆော့
ဖြစ်ဘူး။ ဝမ်ကျိုကတော့ သူ့ရဲ့ချဲ့ကားထားတဲ့ လက်ခုပ်သံတွေနဲ့ ခဏခဏ လက်ခုပ်သြဘာပေးနေတော့သည်။ ရှောင်ယဲ့ အရမ်းရှက်လာတာကြောင့် ရှောင်ယဲ့ ဘက်စကက်ဘောကို မရပ်လိုက်ခင် သူ့ကို စိုက်ကြည့်လိုက်သည်။
(စိုက်ကြည့်ရင် အလိုက်သိ!)နားချိန်အတွင်းမှာ ရှောင်ယဲ့ သောက်လိုက်တာ ရေကုန်သွားတာကြောင့် ဝမ်ကျိုက သူ့ကိုဘာမှမပြောဘဲ သူ့အတွက် နောက်ထပ်ရေဘူးတစ်ဘူးဝယ်ပေးဖို့ စတိုးဆိုင်ကိုပြေးသွားသည်။ ပြီးတော့ ရှောင်ယဲ့လည်း သူ့ကို မတားလိုက်နိုင်ဘူး။
ရှောင်ယဲ့လည်း နားလို့ရအောင် ဘေးဘက်ကို ရွေ့ထိုင်လိုက်သည်။ အင်္ကျီလက်တွေက လိပ်တက်သွားပြီး သူ့ရဲ့ လက်မောင်းကြွက်သားတွေကို လှစ်ဟပြနေတော့သည်။
ပေါ်ထွက်လာတဲ့ သဏ္ဍာန်ကတော့ သာမန်အိုမီဂါတွေလိုမျိုး နူးညံ့မနေဘူး။
YOU ARE READING
ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]
RomanceStatus: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh! My Dear Alpha My update will be in weekdays! I cherish this novel so much. So, I want to translate...